တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို လျှပ်စစ်ဓာတ်အားထုတ်လုပ်ဖြန့်ဖြူးရောင်းချခြင်း လုပ်ငန်းဆောင်ရွက်ခြင်းဆိုင်ရာ သဘောတူစာချုပ်အား လက်မှတ်ရေးထိုးချုပ်ဆိုမည့် အခမ်းအနားသို့တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို လျှပ်စစ်ဓာတ်အားထုတ်လုပ်ဖြန့်ဖြူးရောင်းချခြင်း လုပ်ငန်းဆောင်ရွက်ခြင်းဆိုင်ရာ သဘောတူစာချုပ်အား လက်မှတ်ရေးထိုးချုပ်ဆိုမည့် အခမ်းအနားသို့တက်ရောက်





ထားဝယ်၊ အောက်တိုဘာ ၉

တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် New Myanmar Renewable Energy Co.,Ltd တို့အကြားချုပ်ဆိုမည့် မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်အတွင်း လျှပ်စစ်ဓာတ်အားထုတ်လုပ်ဖြန့်ဖြူးရောင်းချခြင်းလုပ်ငန်း ဆောင်ရွက်ခြင်းဆိုင်ရာ သဘောတူစာချုပ်အား လက်မှတ်ရေးထိုးချုပ်ဆိုမည့်အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက ထားဝယ်မြို့၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကိုက ကျွန်းစုမြို့နယ်အတွင်း ၃ မဂ္ဂါဝပ်ရေအားလျှပ်စစ်နှင့် ၇.၈ မဂ္ဂါဝပ် ဆိုလာ Project စီမံကိန်းကို တွေ့ဆုံရှင်းလင်းခေါ်ယူပြီးတည်ဆောက်ဆဲကာလတွင် လျှပ်စစ်ဓာတ်အားထုတ်လုပ် ဖြန့်ဖြူးရေးအတွက် တင်ဒါအောင်မြင်သော New Myanmar Renewable Energy Co.,Ltd နှင့် အသေးစားရေအားလျှပ်စစ် ဓာတ်အားပေးစက်အား ဆိုလာ၊ ဒီဇယ်ပေါင်းစပ်ပြီး ဓာတ်အားခ တစ်ယူနစ် ၉၀၀ နှုန်းဖြင့် ထုတ်လုပ်ဖြန့်ဖြူးရေးနှင့် ဆက်လက်ဆောင်ရွက်သွားရန်လိုအပ်ကြောင်း၊ ကျွန်းစုမြို့နယ်အတွင်း လျှပ်စစ်ဓာတ်အားထုတ်လုပ်ဖြန့်ဖြူးရောင်းချခြင်း လုပ်ငန်းဆောင်ရွက်ခြင်းဆိုင်ရာ သဘောတူစာချုပ်ကို ဥပဒေအကြံပြုချက်များနှင့်အညီ လိုအပ်ချက်များကို ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ ကျွန်းစုမြို့နယ်သည် သီးခြားကျွန်းတစ်ခုဖြစ်ကြောင်း၊ မြိတ်မြို့မှတစ်ဆင့်လှေဖြင့်သွားရောက်မည်ဆိုပါက ၂ နာရီ ကျော်ခန့်သွားလာရပြီး စပိဘုတ်အမြန်ယာဉ်ဖြင့်သွားရောက်ပါက ၁ နာရီကျော်ခန့်သွားရပြီး National Grid မရောက်ရှိနိုင်သည့်အတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် ခိုင်မာသော လျှပ်စစ်ဓာတ်အားရရှိရေးအတွက် ဆောင်ရွက်ရခြင်းဖြစ်ကြောင်း၊ တိုင်းဒေသကြီးတွင် တိုးချဲ့မွေးမြူလာသော ရေငံပုဇွန်မွေးမြူရေးလုပ်ငန်းများ တိုးတက်ကောင်းမွန်လာသည့်အတွက် လျှပ်စစ်ဓာတ်အားလိုအပ်လာသောကြောင့်ရည်ရွယ်၍ ကျွန်းစုမြို့နယ်အား သီးခြားကိစ္စတစ်ရပ်အနေဖြင့် ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ ရေအားလျှပ်စစ်ဓာတ်အားကို နဝရတ်ရေအိုင်ကနေ ပိုက်လုံးများမှတစ်ဆင့် သွယ်တန်းပြီး ဆောင်ရွက်ပေးထားသည်များရှိကြောင်း၊ လျှပ်စစ်ဓာတ်အားရရှိရေးလုပ်ဆောင်ပေးသည့်အတွက်လည်း ဝမ်းမြောက်စရာ ဖြစ်ကြောင်းပြောကြားသည်။

ထို့နောက် တိုင်းဒေသကြီး သယံဇာတရေးရာဝန်ကြီးဦးခင်မောင်မြင့်က ကျွန်းစုမြို့နယ်အတွင်း လျှပ်စစ်ဓာတ်အားထုတ်လုပ်ဖြန့်ဖြူးရောင်းချခြင်းလုပ်ငန်းနှင့်ပတ်သက်၍ ဆောင်ရွက်ခဲ့မှုအခြေအနေများအား ဆွေးနွေးပြောကြားပြီး Myanmar Thiha Group of Companies ၏ Chairman ဦးကျော်မင်းဦးက အကောင်အထည်ဖော်ဆောင်ရွက်ထားရှိမုအခြေအနေ၊ ရှေ့ဆက်ဆောင်ရွက်မည့်လုပ်ငန်းစဉ်အား ရှင်းလင်းတင်ပြကာ တိုင်းဒေသကြီးအစိုးရအဖွဲ့အတွင်းရေးမှူးဦးခင်မောင်ချိုက လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးပြောကြားသည်။

ဆက်လက်၍ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် New Myanmar Renewable Energy Co.,Ltd တို့အကြား ချုပ်ဆိုမည့် မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်အတွင်း လျှပ်စစ်ဓာတ်အားထုတ်လုပ်ဖြန့်ဖြူးရောင်းချခြင်းလုပ်ငန်း ဆောင်ရွက်ခြင်းဆိုင်ရာ သဘောတူစာချုပ်အားတာဝန်ရှိသူများက လက်မှတ်ရေးထိုးခဲ့ကြပြီး စုပေါင်းမှတ်တမ်းဓာတ်ပုံရိုက်ကူးခဲ့ကြောင်း သတင်းရရှိသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)