မှော်ဘီမြို့နယ်တွင် အုပ်ချုပ်ရေးမှူးတစ်ဦး ဓားဖြင့် ထိုးသတ်ခံရ၍ သေဆုံး၊ ကျူးလွန်သူ ထွက်ပြေးလွတ်မြောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မှော်ဘီမြို့နယ်တွင် အုပ်ချုပ်ရေးမှူးတစ်ဦး ဓားဖြင့် ထိုးသတ်ခံရ၍ သေဆုံး၊ ကျူးလွန်သူ ထွက်ပြေးလွတ်မြောက်



ရန်ကုန်၊ အောက်တိုဘာ ၂၁ 

ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်၊ အထယုကျေးရွာတွင် ကျေးရွာအုပ်ချုပ်ရေးမှူးတစ်ဦး ဓားဖြင့် ထိုးသတ်ခံရပြီး ကျူးလွန်သူ လွတ်မြောက်လျက် ရှိနေသည်။ 

အောက်တိုဘာလ (၁၉)ရက် ညနေ (၆)နာရီခွဲအချိန်က အထယုကျေးရွာထိပ်ရှိ ကုန်စုံဆိုင်တွင် ဘီယာသောက်ရင်း စကားများရာမှ အုပ်ချုပ်ရေးမှူး ဦးထိန်လင်း ဓားဖြင့် ထိုးသတ်ခံရခြင်းဖြစ်သည်။ 

ဓားဖြင့် ထိုးခံရမှုကြောင့် ဦးထိန်လင်းတွင် ယာဘက်မျက်လုံးအောက် ထိုးသွင်းဒဏ်ရာ၊ ဝဲလည်ပင်း ထိုးသွင်း ဒဏ်ရာ၊ ယာရင်အုံ ထိုးသွင်းဒဏ်ရာ၊ ဝဲနံစောင်း ထိုးသွင်းဒဏ်ရာ၊ ဝဲဘက်ခါးထိုးသွင်းဒဏ်ရာ စသည့် ဒဏ်ရာများ ရရှိကာ လှည်းကူးဆေးရုံသို့ ပို့ဆောင်စဉ် သေဆုံးသွားကြောင်း သိရသည်။

ကျေးရွာအုပ်ချုပ်ရေးမှူးကို သတ်ဖြတ်သူသည် ဝက်သားရောင်းသည့် ဇော်မင်းထွန်းဖြစ်ပြီး လက်ရှိအချိန်တွင် ထွက်ပြေးလွတ်မြောက်နေကြောင်း သိရသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)