ပဲခူး၊ အောက်တိုဘာ ၂၆
ပဲခူးမြို့နယ်၊ အမြန်လမ်း ၅၂ /၂ မိုင်(သစ်နီ) မှ ရိုးမသစ်ထုတ်လမ်းဟောင်းအတိုင်း (၈)မိုင်ခန့်အကွာရှိ ကုလားသစ်စခန်းမှ သစ်တောစိုက်ခင်းပြုလုပ်နေသည့် သစ်တောဝန်ထမ်းများနှင့် ယာခင်းလုပ်သား (၁၀)ဦးတို့အား ၂၅-၁၀-၂၀၂၄ ရက်နေ့က အကြမ်းဖက်သမားများက ဖမ်းဆီးခေါ်ဆောင်သွားသဖြင့် မိသားစုဝင်များက အမြန်ဆုံး ကယ်တင်ဆောင်ရွက်ပေးရန် တောင်းဆိုလျက်ရှိသည်။
အမြန်လမ်း ၅၂ /၂ မိုင်(သစ်နီ) မှ ရိုးမ သစ်ထုတ်လမ်းဟောင်းအတိုင်း(၈)မိုင်ခန့်အကွာရှိကုလားသစ်စခန်းမှ သစ်တောစိုက်ခင်းပြုလုပ်နေသည့် သစ်တောဝန်ထမ်းများဖြစ်သည့် ဦးဟိန်းထက်စံ(တောအုပ်ကြီး)၊ ဦးစောနိုင်(တောအုပ်)၊ ဦးအေးကို(တောအုပ်)၊ ဦးဖေဇော်ညွန့်(တောခေါင်း)၊ ဦးပြည့်ဖြိုးအောင်(တောကြပ်)တို့နှင့် ယာခင်းလုပ်သား (၁၀)ဦးတို့အား လက်နက်ကိုင်အကြမ်းဖက်သမား (၃၀)ဦးခန်မှ ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်ကြောင်း သိရသည်။
Join - https://t.me/MyanmarNationalPost
No comments:
Post a Comment