ကျောက်တံတားမြို့နယ် (Community Centre) ခန်းမ၌ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲ၊ ပြပွဲများနှင့် ပြိုင်ပွဲများ ပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျောက်တံတားမြို့နယ် (Community Centre) ခန်းမ၌ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲ၊ ပြပွဲများနှင့် ပြိုင်ပွဲများ ပြုလုပ်

 ‌




ကျောက်တံတား ၊  အောက်တိုဘာ ၂၅


ကျောင်းသား/ သူများ ဗလငါးတန်းဖွံ့ဖြိုးတိုးတက်လာစေရန်ရည်ရွယ်၍ ရန်ကုန်တိုင်းဒေသကြီး၊ ‌ကျောက်တံတားခရိုင်၊ ကျောက်တံတားမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community center) ခန်းမ၌ ယမန်နေ့ ၁၂ နာရီအချိန်မှ စတင်၍ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲ၊ ပြပွဲများနှင့် ပြိုင်ပွဲများ ကျင်းပခဲ့ကြသည်။


ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိက ကျောင်းသား/ သူများအား စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲ၊ ပြပွဲနှင့် ပြိုင်ပွဲများကျင်းပရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီးနောက် ပုံပြင်ပြောပြိုင်ပွဲ၊ ကဗျာရွတ်ပြိုင်ပွဲ၊ စကားပုံဆက်ပြိုင်ပွဲ၊ ဥာဏ်စမ်းပ‌ဟေဠိပြိုင်ပွဲများ၊ ဘယ်ခြေညာလက်ဂိမ်းပြိုင်ပွဲနှင့် အခြားဂိမ်းပြိုင်ပွဲများကို ကျင်းပပြုလုပ်ခဲ့ရာ ကျောင်းသား၊ ကျောင်းသူ (၂၅)ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး ဆုရရှိသူများကို ဆုလက်ဆောင်များ အသီးသီး ချီးမြှင့်ခဲ့ကြောင်း သိရသည်။


ဆက်လက်၍ ကျောင်းသား/ သူများက သုတ၊ ရသစာအုပ်များ ခင်းကျင်းပြသထားမှုကို လေ့လာဖတ်ရှုကြပြီး ဆေးလိပ်နှင့် ဆေးရွက်ကြီးကြောင့် ဖြစ်တတ်သည့် ရောဂါများအကြောင်း အသိပညာပေးနံရံကပ်စာစောင်အား ကြည့်ရှု့လေ့လာခဲ့ကြကြောင်း သိရသည်။


ကျောက်တံတား

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)