နတ်မောက် ၊ အောက်တိုဘာ ၉
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်း၍ မူလတန်းဆင့် ကဗျာရွတ်ဆိုပြိုင်ပွဲကို လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့နံနက် ၉ နာရီ အချိန်က ကျင်းပခဲ့သည်။
ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒေါ်ဥမ္မာခင် (ဦးစီးအရာရှိ)က လူငယ်လူရွယ်များ အချိန်ကို အကျိုးရှိစွာ အသုံးပြုတတ်စေရန်၊ စာပေလေ့လ ဖတ်ရှုသည့် အလေ့အကျင့်ကောင်းများရရှိစေရန်၊ စကားပြောနိုင်မှုစွမ်းဆောင်ရည်မြင့်မားစေရန်၊ စိတ်လက်ပျော်ရွင်စေရန်၊ ဉာဏ်ရည်ဉာဏ်သွေး ထက်မြက်စေရန်ရည်ရွယ်၍ ပြိုင်ပွဲများ ကျင်းပရခြင်းဖြစ်ပါကြောင်း ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ ကဗျာရွတ်ဆိုပြိုင်ပွဲကျင်းပရာ မူလတန်းဆင့် ကျောင်းသား/ သူများက မိမိတို့ ကြိုက်နှစ်သက်သည့် ကဗျာခေါင်းစဉ်များဖြင့် အသီးသီး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြရာ ဆုရရှိသူများအား မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒေါ်ဥမ္မာခင် (ဦးစီးအရာရှိ)နှင့် ဆရာမတို့က ဆုများ အသီးသီး ချီးမြှင့်ပေးသည်။ အဆိုပါ ကဗျာရွတ်ဆိုပြိုင်ပွဲသို့ မြို့နယ်ပြန်/ဆက်ဦးစီးဌာနရှိ ဝန်ထမ်းများ၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းမှ ဆရာ/ မများနှင့် ကျောင်းသား/ သူ (၄၈)ဦး တက်ရောက်ခဲ့သည်။
လှဝင်း
https://t.me/MyanmarNationalPost
No comments:
Post a Comment