ပဲခူး - ရန်ကုန်နှင့် ရန်ကုန် - ပဲခူး ခရီးစဉ် အမှတ်(၁၆)အစုန်၊ အမှတ်(၁၅)အဆန် လေအေးစက်တပ် ခေတ်မီဒီဇယ်လျှပ်စစ် (DEMU) ရထား ခရီးသည်စီးနင်းမှုများပြားလျက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပဲခူး - ရန်ကုန်နှင့် ရန်ကုန် - ပဲခူး ခရီးစဉ် အမှတ်(၁၆)အစုန်၊ အမှတ်(၁၅)အဆန် လေအေးစက်တပ် ခေတ်မီဒီဇယ်လျှပ်စစ် (DEMU) ရထား ခရီးသည်စီးနင်းမှုများပြားလျက်ရှိ



ပဲခူး၊ အောက်တိုဘာ ၂၈

မြန်မာ့မီးရထားအနေဖြင့် ပြည်သူများခရီးသွားလာမှု လွယ်ကူအဆင်ပြေချောမွေ့စေရေးအတွက် ရထားလမ်းပိုင်းအသီးသီး၌ လူစီးရထားများ ပြေးဆွဲဆောင်ရွက်ပေးလျက်ရှိပြီး ခေတ်မီလေအေးပေးစက် ပါ DEMU ရထားတွဲဆိုင်းများ အသုံးပြု၍ ပဲခူး-ရန်ကုန် - ပဲခူး ခရီးစဉ်ကို ပြေးဆွဲပေးလျက်ရှိရာ ရထားစီးခရီးသွားပြည်သူများ စိတ်အေးချမ်းသာစွာဖြင့် အဆင့်မီမီလိုက်ပါစီးနင်းနိုင်ပြီး ပဲခူးမြို့တွင်းနှင့် ရန်ကုန်မြိုတွင်းသို့ ယာဉ်ကြောပိတ်ဆိုမှုမရှိဘဲ အချိန်တိုအတွင်း ရောက်ရှိစေကာ ဈေးနှုန်းသက်သာစွာဖြင့် စီးနင်းနိုင်မှုကြောင့် ခရီးသည်များ ကြိုက်နှစ်သက်ကြပြီး ရထားစီးခရီးသည် စီးနင်းမှုများပြား လျက်ရှိသည်။

အဆိုပါ အမှတ်(၁၆)အစုန် ပဲခူး-ရန်ကုန် DEMU ရထားသည် ပဲခူးဘူတာမှ နံနက် ၆ နာရီတွင် စတင်ထွက်ခွာ၍ ရန်ကုန်ဘူတာသို နံနက် ၈ နာရီ မိနစ် ၂၀ တွင် ရောက်ရှိပြီး အမှတ် (၁၅)အဆန် ရန်ကုန်-ပဲခူး DEMU ရထားသည် ရန်ကုန်ဘူတာမှ ညနေ ၄ နာရီ ၄၅ မိနစ်တွင် ပြန်လည်ထွက်ခွာ၍ ပဲခူးဘူတာသို့ ည ၇ နာရီ ၅ မိနစ်တွင် ရောက်ရှိသဖြင့် ပဲခူးမှရန်ကုန်သို အလုပ်သွား အလုပ်ပြန်အဆင်ပြေမှုရှိကြောင်းနှင့် လမ်းခရီးတွင် ပုဇွန်တောင်၊ မလွှကုန်း၊ သင်္ဃန်းကျွန်း၊ တိုးကြောင်ကလေး၊ ရွာသာကြီး၊ လေးဒေါင့်ကန်၊ ဒါးပိန်၊ ကော့ချဲ၊ ထုံးကြီး၊ ကျောက်တန်း၊ တာဝ၊ ဘုရားသုံးဆူ စုစုပေါင်း ၁၂ ဘူတာ၌ ရပ်တန့်ပေးခြင်းကြောင့် လမ်းခရီးတွင် လိုက်ပါစီးနင်းကြသူများအတွက်ပါ အဆင်ပြေမှုရှိပြီး ရထားစီးခရီးသည် စီးနင်းမှုများပြားခြင်းဖြစ်သည်။ 

မြန်မာ့မီးရထားအနေဖြင့် ရထားစီးခရီးသွားပြည်သူများ စိတ်ချမ်းမြေ့စွာ ခရီးသွားလာနိုင်စေရေး အဆိုပါရထားအတွက် ဘူတာများတွင် လက်တန်းပါသံလှေကားများ ပြုလုပ်တပ်ဆင် ပေးထားပြီး ရထားဆိုက်ရောက်/ ထွက်ခွာချိန်များ၌ အဆင်ပြေလွယ်ကူစွာ လိုက်ပါစီးနင်းနိုင်စေရေး စီစဉ်ထားရှိကြောင်း သတင်းရရှိသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)