မြန်မာ - ရုရှား ခရီးသွားလုပ်ငန်းမြှင့်တင်ရေး ရင်းနှီးကျွမ်းဝင်မှုဆိုင်ရာ ခရီးစဉ်အမှတ်တရ သစ်ပင်စိုက်ပျိုးပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြန်မာ - ရုရှား ခရီးသွားလုပ်ငန်းမြှင့်တင်ရေး ရင်းနှီးကျွမ်းဝင်မှုဆိုင်ရာ ခရီးစဉ်အမှတ်တရ သစ်ပင်စိုက်ပျိုးပွဲကျင်းပ

 


နေပြည်တော်၊ အောက်တိုဘာ ၂၁

မြန်မာ-ရုရှားခရီးသွားလုပ်ငန်း မြှင့်တင်ရေး ရင်းနှီးကျွမ်းဝင်မှုဆိုင်ရာခရီးစဉ် (Familiarization Trip- FAM Trip) တွင် လိုက်ပါလာကြသည့် ရုရှားဖက်ဒရေးရှင်းနိုင်ငံမှ ခရီးသွားလုပ်ငန်းဆောင်ရွက်နေ သူများနှင့် ခရီးသွားအေဂျင်စီများမှ ကိုယ်စားလှယ်များ အမှတ်တရသစ်ပင်စိုက်ပျိုးပွဲကို ကျင်းပရာ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုး တက်ရောက်ကြည့်ရှု အားပေးသည်။

အဆိုပါ စိုက်ပျိုးပွဲသို့ ဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်နှင့် အရာရှိကြီးများ၊ နေပြည်တော်ရှိ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းဆိုင်ရာအသင်းအဖွဲ့များမှ တာဝန်ရှိသူများ ပါဝင်တက်ရောက်ကြသည်။

ထို့နောက် ဒုတိယဝန်ကြီးသည် မြန်မာ - ရုရှားခရီးသွားလုပ်ငန်းမြှင့်တင်ရေး ရင်းနှီးကျွမ်းဝင်မှု ဆိုင်ရာခရီးစဉ်တွင် လိုက်ပါလာကြသည့် ကိုယ်စားလှယ်များအား ဝန်ကြီးဌာန၏ နီလာအစည်း အဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံစဉ် ဒုတိယဝန်ကြီးက မြန်မာနိုင်ငံ၌ မကြာမီကာလတွင် ခရီးသွားရာသီ ရောက်ရှိလာတော့ မည်ဖြစ်၍ ရုရှားခရီးသွားဧည့်သည်များ ပိုမိုလာရောက်လည်ပတ်နိုင်ရေးအတွက် ခရီးစဉ်များ စီစဉ် ဆောင်ရွက်ပေးကြစေလိုကြောင်း၊ မြန်မာနိုင်ငံ၏ ခရီးစဉ်ဒေသများ အကြောင်းကို ရုရှားနိုင်ငံရှိ လူမှု ကွန်ရက်စာမျက်နှာများတွင်သာမက လူသိများသော သတင်းမီဒီယာများမှတစ်ဆင့် ကျယ်ကျယ် ပြန့်ပြန့် မြှင့်တင်ဖော်ပြပေးစေလိုကြောင်း၊ နှစ်နိုင်ငံအကြား အားကစားနှင့် စွန့်စားခရီးသွား လုပ်ငန်းဆိုင်ရာ လှုပ်ရှားမှုများတွင် ကျွမ်းကျင်ပညာရှင်များနှင့် သတင်းအချက်အလက်များ ဖလှယ်လိုကြောင်း၊ ခရီးစဉ်ဒေသ များသို့ သွားရောက်လည်ပတ်ရာတွင် အဆင်ပြေချောမွေ့ပါစေ ကြောင်း ဆွေးနွေးပြောကြားသည်။

ဆက်လက်၍ ရုရှားဖက်ဒရေးရှင်းနိုင်ငံ ရုရှား - မြန်မာချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး အသင်းမှ တာဝန်ရှိသူနှင့် Space Travel Agency မှ တာဝန်ရှိသူများက နှစ်နိုင်ငံ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုး တိုးတက်ရေးအတွက် ပူးပေါင်းဆောင်ရွက်သွားမည့်အခြေအနေများ၊ အလုပ်ရုံဆွေးနွေးပွဲများ ကျင်းပနိုင်ရေးအတွက် ပူးပေါင်းဆောင်ရွက်သွားမည့်အခြေအနေများ၊ ရုရှားနိုင်ငံ၏ ဆောင်းရာသီကာလတွင် ရုရှားအားကစားသမားများ မြန်မာနိုင်ငံ၌ ရက်ရှည်လာရောက် တည်းခိုနေထိုင်၍ လေ့ကျင့်နိုင်ရေးအတွက် စီစဉ်ဆောင်ရွက်ပေးစေလိုသည့် ကိစ္စရပ်များ၊ ရုရှား ခရီးသွားဧည့်သည်များ ငွေပေးချေမှုနှင့်စပ်လျဉ်း၍ ပိုမိုလွယ်ကူအဆင်ပြေချောမွေ့စေရေးဆိုင်ရာ ကိစ္စရပ်များ၊ ကျန်းမာရေးနှင့် အသက်အာမခံထားရှိရေးဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးကြပြီး မြန်မာနိုင်ငံသို့ ရုရှားခရီးသွားဧည့်သည်များ ပိုမိုဝင်ရောက်လည်ပတ်စေရေးအတွက် ကူညီ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ရာ ဒုတိယဝန်ကြီးက လိုအပ်သည်များ ပူးပေါင်းဆောင်ရွက်ပေးသွားမည့်အခြေအနေများကို ပြန်လည်ဆွေနွေးပြောကြားခဲ့ကြောင်း သိရသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)