အလုံ၊ အောက်တိုဘာ ၂၉
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ယမန်နေ့နံနက်ပိုင်းတွင် အလုံခရိုင်၊ အလုံမြို့နယ်၊ အ.ထ.က (၄)၊ သီရိရတနာခန်းမ၌ ကျင်းပပြုလုပ်သည့် Grade-11 နှင့် Grade-12 တက်ရောက်နေသည့် ကျောင်းသား၊ ကျောင်းသူများအတွက် ဥပဒေအသိပညာပြန့်ပွားရေး ဆရာဖြစ်သင်တန်းဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်ချီးမြှင့်ခဲ့သည်။
အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ၀န်ကြီးချုပ် ဦးစိုးသိန်းနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့၀င် ၀န်ကြီးများ၊ တိုင်းဒေသကြီးပညာရေးမှူး ဒေါက်တာချိုချိုမြတ်အောင်၊ အလုံခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဇာနည်လွင်နှင့်အဖွဲ့၀င်များ၊ အလုံမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဆန်းထွန်းနှင့်အဖွဲ့၀င်များ၊ ဌာနဆိုင်ရာများ၊ ဆရာ၊ ဆရာမများ စုစုပေါင်း (၆၇၁) ဦး တက်ရောက်ခဲ့ကြသည်။
ဆက်လက်၍ အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ၀န်ကြီးချုပ်ဦးစိုးသိန်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီး ဥပဒေချုပ် ဒေါ်ဖြူမာဝေက ဥပဒေအသိပညာပြန့်ပွားရေး ဆရာဖြစ်သင်တန်းနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားခဲ့သည်။
ယင်းနောက် ၀န်ကြီးချုပ်မှ သင်တန်းတွင်တက်ရောက်နေသော ဆရာ၊ ဆရာမများအား သင်တန်းအသုံးအဆောင် ဗလာစာအုပ်များ ထောက်ပံ့ပေးအပ်ခြင်း၊ မှတ်တမ်းတင်ဓာတ်ပုံများ ရိုက်ကူးခြင်းများဆောင်ရွက်ခဲ့ပြီး အခမ်းအနားအား အစီအစဉ်(၆)ရပ်ဖြင့် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ယောဧရာ
Join - https://t.me/MyanmarNationalPost
No comments:
Post a Comment