လာရှိုးမြို့ပေါ်ရှိ MNDAA အကြမ်းဖက်သမားများ ခိုလှုံရာနေရာများကို လေကြောင်းမှ ရှင်းလင်း - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

လာရှိုးမြို့ပေါ်ရှိ MNDAA အကြမ်းဖက်သမားများ ခိုလှုံရာနေရာများကို လေကြောင်းမှ ရှင်းလင်း





လားရှိုး၊ အောက်တိုဘာ ၂၂

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့တွင် MNDAA အကြမ်းဖက်သမားများ ခိုလှုံရာနေရာများကို ယမန်နေ့ ညပိုင်းက တပ်မတော်က လေကြောင်းမှ ရှင်းလင်းဆောင်ရွက်မှုများ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

အကြမ်းဖက်အဖွဲ့အဖြစ် ကြေညာထားသော MNDAA အကြမ်းဖက်သမားများ ခိုလှုံရာနေရာများအား ရှင်းလင်းဆောင်ရွက်မှုအပေါ် ပြည်ဖျက်မီဒီယာများတွင် အများပြည်သူကို ပစ်ခတ်သယောင် လုပ်ကြံသတင်းများ ရေးသားဖြန့်ဝေလျက်ရှိသည်။

နိုင်ငံရေးလေ့လာသူတစ်ဦး က "နစက ဥက္ကဋ္ဌ ရဲ့ ရှမ်းပြည်ခရီးစဉ်မှာလည်း အကြမ်းဖက်အဖွဲ့တွေကို မဖြစ်မနေ ရှင်းလင်းဆောင်ရွက်ရမှာ ဖြစ်တဲ့အတွက် ပြည်သူများအနေနဲ့ အကြမ်းဖက်သမားများရဲ့ အသုံးချခံမဖြစ်စေဖို့တရားဝင် ပြောဆိုထားတာ ရှိတယ်။ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) ချုပ်ဆိုခြင်း ၉နှစ်မြောက် နှစ်ပတ်နေ့ မိန့်ခွန်းမှာလည်း လက်နက်ကိုင်အကြမ်းဖက်နည်းနဲ့ မိမိတို့လိုလားချက်ကို တောင်းဆိုလို့မရဘဲ နိုင်ငံရေးစားပွဲဝိုင်းကို ရောက်လာပြီး ငြိမ်းချမ်းစွာဖြေရှင်းခြင်းနည်းနဲ့သာ ပဋိပက္ခတွေကို ပြေလည်စေမှာဖြစ်ကြောင်း၊ လက်နက်ကိုင် အကြမ်းဖက် တောင်းဆိုမှုတွေအပေါ် လိုက်လျောဖြေရှင်းပေးသွား မှာ မဟုတ်ဘူးဆိုတာ ပြောကြားထားတယ်။ ဆိုတော့ အကြမ်းဖက်အဖွဲ့တွေကိုတော့ နစက ဥက္ကဋ္ဌ ရဲ့ စကားကို ထောက်ထားပြီး ပြောရင် မဖြစ်မနေ ရှင်းလင်းရမှာပဲ။ ရှင်းလင်းဆောင်ရွက်မှုအပိုင်းမှာ အားရစရာ ရှိလားလို့ မေးရင်တော့ တည်ငြိမ်အေးချမ်းမှုကို လိုလားတဲ့ ပြည်သူတွေရဲ့ ရှုထောင့်က ကြည့်ရင်တော့ အားရနိုင်စရာ မရှိဘူးလို့ ပြောနိုင်ပါတယ်။ နိုင်ငံတော်အကြီးအကဲက ဒီလို ညွှန်ကြားချက်တွေ တရားဝင် ပြောထားပြီဆိုရင် အနယ်နယ်အရပ်ရပ်မှာ အကြမ်းဖက်နှိမ်နင်းရေး လုပ်ဆောင်ရန် တာဝန်ရှိသူတွေက ဖိဖိစီးစီး လုပ်ရမှာပေါ့။ အကြမ်းဖက်အဖွဲ့ အဖြစ်ကြေညာခံထားရတဲ့ အဖွဲ့အစည်းတွေကလည်း အကြမ်းဖက်အဖွဲ့အဖြစ် ကြေညာခံရပြီဆိုကတည်း က နှိမ်နင်းခံရတော့မယ်ဆိုတာ သိသင့်တယ်လေ။ ဥပဒေဘောင်အတွင်း ဝင်ချင်ရင်လည်း ဝင်၊ ဒါမှမဟုတ် ပြန်ဆုတ်ပေါ့။ ဒီမြို့ကို ငါတို့ သိမ်းပိုက်ထားတာဆိုပြီး ဆုပ်ကိုင်ထားရင် တပ်ဘက်ကလည်း စုံစမ်းပြီး ရှင်းလင်းရမှာပဲ။" ဟု ပြောသည်။

နိုင်ငံတော်အစိုးရက NUG, CRPH, PDF အဖွဲ့များကို အကြမ်းဖက်အဖွဲ့များအဖြစ် ကြေညာပြီး နှိမ်နင်းမှုများ လုပ်ဆောင်လျက်ရှိသော်လည်း PDF အကြမ်းဖက်လှုပ်ရှားမှုမှာ ယနေ့တိုင်း ဆိုးရွားနေဆဲဖြစ်ပြီး အပြစ်မဲ့ ပြည်သူများကို ဖမ်းဆီးသတ်ဖြတ်ခြင်း၊ အစုလိုက်အပြုံလိုက် ရက်စက်စွာ သတ်ဖြတ်မှုများ ကျူးလွန်နေဆဲဖြစ်သည်။ PDF အကြမ်းဖက်သမားများသည် ရက်ပိုင်းအတွင်းက ဘုတလင်မြို့နယ်၊ ပါစီကျေးရွာမှ အပြစ်မဲ့ ရွာသား ၆ဦးကို အစုလိုက် အပြုံလိုက် သတ်ဖြတ်ခဲ့ကြသည်။ ရှမ်းပြည်နယ် (မြောက်ပိုင်း)တွင် အခြေပြု၍ အကြမ်းဖက်လုပ်ရပ်များ ကျူးလွန်ခဲ့သည့် MNDAA, TNLA, AA အဖွဲ့များကိုလည်း အကြမ်းဖက်အဖွဲ့များအဖြစ် ကြေညာပြီး နှိမ်နင်းဆောင်ရွက်မှုများ လုပ်ဆောင်နေရခြင်း ဖြစ်သည်။

ယမန်နေ့ ညက ရှင်းလင်းဆောင်ရွက်မှုအပေါ် အကြမ်းဖက်အားပေး ပြည်ဖျက်မီဒီယာများတွင် အများပြည်သူ ထင်ယောင်ထင်မှား ဖြစ်စေရန် လုပ်ကြံဖန်တီးရေးသား ဖြန့်ဝေမှုများ ပြုလုပ်ထားသည်ကို တွေ့မြင်ရသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)