မြန်မာနိုင်ငံ ရေဘေးသင့်ပြည်သူများအတွက် ငွေလှူဒါန်းမှုအား ကိုရီးယားသမ္မတနိုင်ငံဆိုင်ရာ သံအမတ်ကြီး ဦးသန့်စင်မှ လက်ခံရယူ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြန်မာနိုင်ငံ ရေဘေးသင့်ပြည်သူများအတွက် ငွေလှူဒါန်းမှုအား ကိုရီးယားသမ္မတနိုင်ငံဆိုင်ရာ သံအမတ်ကြီး ဦးသန့်စင်မှ လက်ခံရယူ




ဆိုးလ်၊ အောက်တိုဘာ ၉

ရာဂီမုန်တိုင်းအရှိန်ကြောင့် မိုးသည်းထန်စွာ ရွာသွန်းပြီး မြန်မာနိုင်ငံနေရာဒေသအချို့တွင် ရေကြီး ရေလျှံမှုများ ဖြစ်ပွားခဲ့သောကြောင့် ရေဘေးသင့်ဒေသများမှ ပြည်သူများအတွက် လိုအပ်သည့် ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် အင်ချွန်းမြို့ အခြေစိုက် မြန်မာဂုဏ်ထူးဆောင်ကောင်စစ်ဝန် Mr. Huh Cheol-hong မှ အလှူငွေ အမေရိကန်ဒေါ်လာ (၁,၀၀၀) နှင့် ကိုရီးယားသမ္မတနိုင်ငံအခြေစိုက် Korea-Myanmar Friendship Interchange  Association ၏ ဥက္ကဋ္ဌဖြစ်သူ အဂ္ဂမဟာ သဒ္ဓမ္မ ဇောတိကဓဇ Venerable Mok Tak နှင့်အဖွဲ့ဝင်များမှ အလှူငွေစုစုပေါင်း ကိုရီးယားဝမ် (၂၃) သိန်းကို မြန်မာသံရုံး၊ ဆိုးလ်မြို့သို့ ၈-၁၀-၂၀၂၄ ရက်နေ့ နံနက်ပိုင်းနှင့် မွန်းလွဲပိုင်းတို့တွင် အသီးသီး လာရောက်လှူဒါန်းခဲ့ရာ သံအမတ်ကြီးဦးသန့်စင်မှ လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာများအား ပြန်လည်ပေးအပ်ကာ ကျေးဇူးတင်စကားပြောကြားခဲ့ပါသည်။ 

အဆိုပါလှူဒါန်းငွေအား နိုင်ငံခြားရေးဝန်ကြီးဌာနမှတစ်ဆင့် ရေဘေးသင့်ပြည်သူများသို့ ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် ဆက်လက် ပေးပို့လှူဒါန်းသွားမည်ဖြစ်ကြောင်း သိရသည်။ 


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)