ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဦးထိန်လင်း စစ်တွေလေယာဉ်ကွင်းသန့်ရှင်းသာယာရေးနှင့် လုံခြုံရေးအခြေအနေများအား ကြည့်ရှုစစ်ဆေး၊ MSME လုပ်ငန်းများအားလှည့်လည်ကြည့်ရှု - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဦးထိန်လင်း စစ်တွေလေယာဉ်ကွင်းသန့်ရှင်းသာယာရေးနှင့် လုံခြုံရေးအခြေအနေများအား ကြည့်ရှုစစ်ဆေး၊ MSME လုပ်ငန်းများအားလှည့်လည်ကြည့်ရှု



စစ်တွေ ၊   အောက်တိုဘာ ၂၆


ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဦးထိန်လင်းသည် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက စစ်တွေလေယာဉ်ကွင်းသန့်ရှင်းသာယာရေးနှင့် လုံခြုံရေးဆောင်ရွက်ထားရှိမှုအခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး စစ်တွေမြို့ပေါ်ရှိ MSME လုပ်ငန်းများ အားလှည့်လည်ကြည့်ရှုအားပေးကြသည်။


ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် စစ်တွေလေဆိပ်သို့သွားရောက်ပြီး လေယာဉ်ကွင်း၊ လေယာဉ်ပြေးလမ်းပတ်လည်အတွင်း လေယာဉ်များတက်ဆင်းရာတွင် အန္တရာယ်ကင်းရှင်းနိုင်ရေးအတွက် စီစဉ်ဆောင်ရွက်ထားရှိမှု၊ လေဆိပ်ပတ်ဝန်းကျင်သန့်ရှင်းသာယာရေးအတွက် ဆောင်ရွက်ထားရှိမှုတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးကြသည်။ ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် လေဆိပ်အတွင်း ခရီးသည်များ ထွက်ခွာဆောင်နှင့် ဆိုက်ရောက်ဆောင်များအတွင်း သန့်ရှင်းသာယာရေး ခရီးသည်များအေးချမ်းစွာ ခရီးသွားလာနိုင်ရေးအတွက် ဆောင်ရွက်ထားရှိမှုတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး ပြည်နယ်ဝန်ကြီးချုပ်က ခရီးသွားပြည်သူများအေးချမ်းစွာ ခရီးသွားလာနိုင်ရေး ကူညီဆောင်ရွက်ပေးကြရန်နှင့် ခရီးသည်အဝင်အထွက်နေရာများ၊ နားနေခန်းနေရာများနှင့် လေဆိပ်ပတ်ဝန်းကျင် သန့်ရှင်းသာယာလှပရေးတို့ကို စနစ်တကျဆောင်ရွက်ကြရန် တာဝန်ရှိသူများအား မှာကြားခဲ့သည်။ ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် လေဆိပ်အတွင်း လုံခြုံရေးကင်မရာများတပ်ဆင်ထားရှိမှု၊ ခရီးသွားပြည်သူများအားလုံခြုံရေးအတွက် စစ်ဆေးဆောင်ရွက်သည့် နေရာများအား လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လေဆိပ်တာဝါမှ လေယာဉ်များအန္တရာယ်ကင်းရှင်းစွာ ဆင်းသက်နိုင်ရေးစီမံ ဆောင်ရွက်နေမှုတို့ကို သွားရောက်ကြည့်ရှုစစ်ဆေးကြသည်။


ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် လေဆိပ်လုံခြုံရေးတာဝန်ထမ်းဆောင်နေကြသည့် တပ်ဖွဲ့ဝင်များနေထိုင်နိုင်ရန် အဆောက်အဦဆောက်လုပ်နေမှုကို သွားရောက်ကြည့်ရှုစစ်ဆေးကြပြီး လိုအပ်သည်များကို တာဝန်ရှိသူများအား မှာကြားခဲ့သည်။


ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် စစ်တွေမြို့၊ မြောက်စံပြရပ်ကွက်ရှိ MSME လုပ်ငန်းများဖြစ်သော စံပြမုန့်မျိုးစုံလုပ်ငန်းအား သွားရောက်ကြည့်ရှုအားပေးကြရာ စံပြမုန့်လုပ်ငန်းပိုင်ရှင်က မုန့်မျိုးစုံထုတ်လုပ်နေမှု၊ ဖြန့်ချိရောင်းချနေမှု၊ ဒေသခံလူငယ်များအား အလုပ်အကိုင်အခွင့်အလမ်းများရရှိမှု၊ ကုန်ကြမ်းများဝယ်ယူစုဆောင်းထားရှိမှုတို့ကို ရှင်းလင်းတင်ပြီး လုပ်ငန်းခွင်အတွင်း လှည့်လည်ပြသသည်။


ဆက်လက်ပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပြည်တော်သာရပ်ကွက်ရှိ BMG သောက်ရေ သန့်စက်ရုံသို့ သွားရောက်ကြည့်ရှုကြရာ စက်ရုံတာဝန်ခံက စက်ရုံအတွင်း ရေသန့်ဗူးအဆင့်ဆင့် ထုတ်လုပ်နေမှုကို လှည့်လည်ပြသပြီး ရေသန့်ဗူးမျိုးစုံထုတ်လုပ်နေမှု၊ ဖြန့်ချိရောင်းချနေမှု၊ ဒေသခံလူငယ်များ အလုပ်အကိုင်အခွင့်အလမ်းများရရှိမှုတို့ကို ရှင်းလင်းတင်ပြသည်။


တင်ပြချက်များအပေါ် ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြောင်းသတင်းရရှိသည်။


တင်ထွန်း

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)