PDF အကြမ်းဖက်သမားများက သတ်ဖြတ်မှုကြောင့် မိတ္ထီလာမြို့နယ်၊ ဇရပ်ကုန်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး သေဆုံး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

PDF အကြမ်းဖက်သမားများက သတ်ဖြတ်မှုကြောင့် မိတ္ထီလာမြို့နယ်၊ ဇရပ်ကုန်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး သေဆုံး


မိတ္ထီလာ၊ အောက်တိုဘာ ၁၆

မိတ္ထီလာမြို့နယ်၊ ဇရပ်ကုန်းကျေးရွာအုပ်စု၊ ဂွေးချိုကျေးရွာနေ ဇရပ်ကုန်းကျေးရွာအုပ်စု၊ အုပ်ချုပ်ရေးမှူး ဦးထွန်းရှင်အား ၁၅-၁၀-၂၀၂၄ ရက်နေ့ ၂၀:၀၀ အချိန်ခန့်တွင် အကြမ်းဖက် PDF ၈ဦးခန့်မှ ဆိုင်ကယ်(၄)စီးခန့်ဖြင့် ၎င်း၏နေအိမ်သို့ လာရောက်သတ်ဖြတ်သဖြင့် သေဆုံးသွားကြောင်း သိရဥည်။

ဦးထွန်းရှင်၊ ၇၉နှစ်၊ (ဘ)ဦးတင်မောင်၊ အုပ်ချုပ်ရေးမှူး၊ ဂွေးချိုကျေးရွာ၊ဇရပ်ကုန်းကျေးရွာအုပ်စု၊ မိတ္ထီလာမြို့နယ်နေသူတွင် လည်ပင်းလှီးဖြတ်ဒဏ်ရာ ၁ချက်၊ ဝဲဘက်ဝမ်းဗိုက် ထိုးသွင်းဒဏ်ရာ ၃ချက်၊ ဝဲ-ပါး ထိုးသွင်းဒဏ်ရာ ၃ချက်၊ ဝဲဘက်ရင်အုံ ထိုးသွင်းဒဏ်ရာ ၃ချက်တို့ဖြင့် နေအိမ်အရှေ့ဘက် ခြံဝင်းအတွင်းသေဆုံးခဲ့ရခြင်းဖြစ်သည်။

ဦးထွန်းရှင်သည် နေအိမ်၌ တစ်ဦးတည်း ရှိနေစဉ် အကြမ်းဖက် PDF (၈)ဦးခန့်အဖွဲ့မှ ဆိုင်ကယ်(၄)စီးဖြင့် လာရောက်သတ်ဖြတ်ကာ အခင်းဖြစ်နေရာမှ ထွက်ခွာသွားစဉ် ကျေးရွာထိပ်အရောက်တွင် သေနတ်(စိစစ်ဆဲ)ဖြင့် ၂ချက်ခန့် ခြောက်လှန့်ပစ်ခတ်ပြီး ရှမ်းမငယ်ဆည်ဘောင်အတိုင်း မလှိုင်မြို့နယ်၊ ဆည်တိုကျေးရွာဘက်သို့ ပြန်လည်ထွက်သွားကြောင်း သိရသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)