ဝေါမြို့နယ်ရှိ X-Ray စက်တွင် ယာဉ် ၁ စီးပေါ်မှ ပစ္စတိုသေနတ် (၁၆)လက်အပါ လက်နက်ခဲယမ်းများ ဖမ်းဆီးရရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဝေါမြို့နယ်ရှိ X-Ray စက်တွင် ယာဉ် ၁ စီးပေါ်မှ ပစ္စတိုသေနတ် (၁၆)လက်အပါ လက်နက်ခဲယမ်းများ ဖမ်းဆီးရရှိ


ဝေါ၊ အောက်တိုဘာ ၂၄

ဝေါမြို့နယ်၊ ဗျူဟာလမ်းဆုံအနီး X-Ray စက်တွင်  ယမန်နေ့ အောက်တိုဘာ၂၃ ရက်နေ့ ညနေ (၇ ၀၀)နာရီဝန်းကျင် အချိန်ခန့်တွင် လုံခြုံရေးပူးပေါင်းအဖွဲ့သည် မော်တော်ယာဉ်များအား X-Ray စက်ဖြင့် စစ်ဆေးဆောင်ရွက် နေစဉ် ခရီးသည်တစ်ဦးထံမှ ပစ္စတိုသေနတ်များ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

 မော်လမြိုင်ဘက်မှ မန္တလေးဘက်သို့ မောင်းနှင်လာသည့် ယာဉ်အမှတ် MDY-12 3R-4606 ရာဇာအောင် ခရီးသည်တင်မှန်လုံယာဉ်အား စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်ပါ ခရီးသည် ကိုကိုနိုင်(ခ) ကိုနိုင်၊ ၃၂ နှစ်၊ (ဘ)ဦးအေးဝင်း၊ ကရင်/မွန်/ ခရစ်ယာန်၊ လပြည့်လမ်း၊ (၁)ရပ်ကွက်၊ ဘုရားသုံးဆူမြို၊  အင်းဆိပ်ကြီးမြိုနယ်၊ ကရင်ပြည်နယ် နေသူ၏  ထိုင်ခုံရှေ့ ခြေထောက်နှစ်ဖက်ကြားတွင် ညှပ်ထားသည့် Sport တံဆိပ်ပါ အနက်ရောင် ကျောပိုးအိပ် အတွင်းမှ ခဲစက္ကူများဖြင့်ပတ်လျက် ပစ္စတိုသေနတ် (၁၆)လက်၊ ၎င်းကျည်အိမ် (၃၂)ခု၊ 9mm Luger ကျည် ၃၉ဝ တောင့်၊ 380 Auto ကျည် ၁၄ဝ တောင့်၊ စုစုပေါင်း ၅၃၀ တောင့် တိုအား ရှာဖွေ သိမ်းဆည်းရမိကြောင်း သိရသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)