ကျိုက်မရောမြို့နယ် ဗုဒ္ဓဘာသာကလျာဏယုဝအသင်း (YMBA) မှ ကြီးမှူး၍ (၃၈)ဖြာ ယဉ်ကျေးလိမ္မာသင်တန်း (၃/၂၀၂၄) ဖွင့်ပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျိုက်မရောမြို့နယ် ဗုဒ္ဓဘာသာကလျာဏယုဝအသင်း (YMBA) မှ ကြီးမှူး၍ (၃၈)ဖြာ ယဉ်ကျေးလိမ္မာသင်တန်း (၃/၂၀၂၄) ဖွင့်ပွဲကျင်းပ

 



ကျိုက်မရော   ၊ အောက်တိုဘာ  ၂၁


မွန်ပြည်နယ်၊ ကျိုက်မရော မြို့နယ်ဗုဒ္ဓဘာသာ ကလျာဏယုဝအသင်း (YMBA) မှ ကြီးမှူးကျင်းပသော (၃၈)ဖြာ ယဉ်ကျေးလိမ္မာသင်တန်း  (၃/၂၀၂၄) ဖွင့်ပွဲ  အခမ်းအနားကို ယမန်နေ့နေ့လယ် ၁ နာရီက ရန်မျိုးအောင်ရပ်ကွက်ရှိ ရသေ့ကျောင်းတိုက်ရှိ ဓမ္မာရုံ၌ ကျင်းပသည်။


အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆိုဘုရား ကန်တော့၍ ဖွင့်လှစ်ပြီး သီရိဇေယျုံကျောင်း တိုက်ဆရာတော်ကြီးထံမှ ငါးပါးသီလခံယူ ဆောက်တည်ခဲ့ကြသည်။


ဆက်လက်၍ မွန်ပြည်နယ်၊ (YMBA) အသင်းဥက္ကဋ္ဌ  ဦးကြည်သိန်းက သင်တန်းဖွင့်အမှာစကား ပြောကြားရာ၌ လိမ္မာယဉ်ကျေး၍ ဘာသာတရားကို ရိုသေကိုင်းရှိုင်းပြီး မင်္ဂလာတရားတော်များကို သိရှိနားလည်တတ်မြောက်စေရန် ရည်ရွယ်၍ ဖွင့်လှစ်ပေးခြင်းဖြစ်ကြောင်း ပြောကြားပြီး သာသနာရေးဦးစီးဌာနမှ မြို့နယ်သာသနာရေးဦးစီးမှူး ဦးဘိုဘိုကျော်က သင်တန်းဆိုင်ရာများကို ရှင်းလင်းပြောကြားခဲ့သည်။


အဆိုပါသင်တန်းသို့ ကျိုက်မရောမြို့နယ်အတွင်းရှိ အခြေခံပညာမူလတန်း၊ အလယ်တန်းကျောင်းများမှ ကျောင်းသား၊ ကျောင်းသူ (၁၀၀) ဦးတို့ တက်ရောက်သင်ကြားကြမည်ဖြစ်ပြီး သင်တန်းကာလမှာ အောက်တိုဘာ  ၂၀ ရက်နေ့မှ ဒီဇင်ဘာ ၂၈ ရက်နေ့အထိ သုံးလကြာမြင့်မည်ဖြစ်ကြောင်း သိရသည်။


သင်တန်းတွင် ဗုဒ္ဓဘာသာယဉ်ကျေးမှုစာပေနှင့် ဇာတ်တော်ကြီး ဆယ်ဘွဲ့အပါအဝင် ၃၈ ဖြာ မင်္ဂလာတရားတော်များကို သင်တန်းနည်းပြ ဆရာ၊ ဆရာမများက စနစ်တကျ သင်ကြားပေးသွားမည်ဖြစ်ကြောင်း သင်တန်းနည်းပြဆရာမဒေါ်မိုးမိုးစံထံမှ သိရသည်။


ချိုမြတ်မြတ်ထွေး 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)