AA အကြမ်းဖက်အဖွဲ့ဝင်တွေရဲ့ အလောင်းပုံတွေ မတင်ပါနဲ့ - MyanmarNationalPost

.com/img/a/

News Agency

Breaking

  
demo-image

AA အကြမ်းဖက်အဖွဲ့ဝင်တွေရဲ့ အလောင်းပုံတွေ မတင်ပါနဲ့

062

063

064

065


ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ် အနောက်မြောက်ဘက်ရှိ မဒေါကျော်ရွာအနီး နိုဝင်ဘာ ၁၉ ရက်နေ့က နယ်မြေရှင်းလင်းစဉ် AA အကြမ်းဖက်သောင်းကျန်းသူ ၃၀ ဦးခန့်အား တွေ့ရှိသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက စတင်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်သမားများက ပြန်လည်ပစ်ခတ်ပြီး ဆုတ်ခွာထွက်ပြေးသွားခဲ့ သိရပါတယ်။

ပစ်ခတ်မှု ဖြစ်စဉ်အတွင်းမှာ AA အကြမ်းဖက်သမား ၂လောင်း၊ လက်နက် ၄ လက်၊ ကျည်မျိုးစုံ ၁၂၇၂ တောင့်၊ အမ်အေ(၁၀) ဒုံးသီး ၁၃ လုံး၊ ၄၀ မမဗုံးသီး ၁၀ လုံး၊ အီနာဂါ ၂၀ လုံး၊ ကျည်အိမ်မျိုးစုံ ၇ ခု၊ စကားပြောစက် ၁ လုံး သိမ်းဆည်းရမိခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များ ထိခိုက်မှုမရှိကြောင်း သိရပါတယ်။

အစောပိုင်း ရက်တွေကလည်း မောင်တောနယ်မှာ အကြမ်းဖက်နှိမ်နင်းရေး ဆောင်ရွက်မှုတွေမှာလည်း AA အကြမ်းဖက်သမား အမြောက်အများ သေဆုံးခဲ့ရတယ်လို့ ဒေသတွင်း သတင်းတွေက ဖော်ပြပါတယ်။ စိတ်မချမ်းမြေ့ဖွယ်ရာ အခြေအနေမျိုးဖန်တီးခဲ့သူတွေကတော့ မူးယစ်ဆေးဝါးနဲ့ စီးပွားရှာ၊ ပြည်ပနိုင်တွေရဲ့ ကူညီပံ့ပိုမှုနဲ့ လူမျိုးရေးမှိုင်းတိုက်ပြီး အကြမ်းဖက်လမ်းစဉ်နောက် လိုက်ခဲ့ကြတဲ့ AA ခေါင်းဆောင် မူးယစ်ရာဇာ ထွန်းမြတ်နိုင် ရဲ့ သန္ဓေယုတ်တဲ့ လုပ်ရပ်တွေကြောင့်ပဲ ဖြစ်ပါတယ်။ အကြမ်းဖက်ခေါင်းဆောင်အားလုံးက ဘေးလွတ်ရာထွက်ပြေးပြီး ဒေသခံပြည်သူလူထုကို ဗမာမုန်းတီးရေး လှုံ့ဆော်ပြီး ရက်စက်ယုတ်မာမှုတွေ ကျူးလွန်ခဲ့ကြတာပဲဖြစ်ပါတယ်။

နေ့စဉ်နေ့တိုင်း အကြမ်းဖက်သမားတွေက အကြမ်းဖက်လုပ်ရပ်တွေ ကျူးလွန်နေတဲ့အခါကြတော့ လုံခြုံရေးတပ်ဖွဲ့ဝင်များအနေနဲ့ကလည်း တည်ငြိမ်အေးချမ်းရေးအတွက် အကြမ်းဖက်နှိမ်နင်းရေးက မဖြစ်မနေ လုပ်ရပမယ့် တာဝန်ဖြစ်လာတယ်။ AA အကြမ်းဖက်အဖွဲ့ ခေါင်းဆောင်တစ်ဦး က AA အကြမ်းဖက်အဖွဲ့ဝင်တွေ သေဆုံးတဲ့ ရုပ်သံ၊ ဓာတ်ပုံတွေကို မတင်ဖို့ တပ်ဖွဲ့ဝင်တစ်ဦး ကို ပြောတဲ့ အသံဖိုင်တွေ ထွက်လာခဲ့ဖူးတယ်။

ဘာကြောင့် အမှန်တရားကို ဖုံးကွယ်လိမ်ညာချင်ရတာလဲဆိုတော့ ရခိုင်လူငယ်တွေကို အကြမ်းဖက်သမားအဖြစ် စည်းရုံးသိမ်းသွင်းဖို့ ခက်ခဲသွားမယ်။ အကြမ်းဖက်အဖွဲ့ထဲမှာ ရှိနေတဲ့ လူငယ်တွေလည်း စိတ်ပျက် အားငယ်သွားမယ်။ လူငယ်တွေကို အကြမ်းဖက်သမားအဖြစ် အသုံးချပြီး သေတွင်းထဲ တွန်းပို့ချင်သူတွေရဲ့ လုပ်ရပ်ကို အထင်အရှား တွေ့မြင်ရပါတယ်။

မိုက်ရူးရဲဆန်သော လုပ်ရပ်များသည် အန္တရာယ်ရှိသည်။ အန္တရာယ်ရှိသည့် လမ်းကြောင်းပေါ်ကို တွန်းပို့ခဲ့ကြတဲ့  AA အကြမ်းဖက်ခေါင်းဆောင် တစ်ဦးချင်း၊ တစ်ယောက်ချင်းကို ပြတ်သားစွာ ကန့်ကွက်ရှုတ်ချပါတယ်။ ရခိုင်ပြည်မှာ AA အကြမ်းဖက်အဖွဲ့သာ အကြမ်းဖက်လုပ်ရပ်တွေ မိုက်ရူးရဲရဲဆန်ဆန် (စိတ်ကူးယဉ်ဆန်ဆန်) မလုပ်ခဲ့ဘူးဆိုရင် ရခိုင်ပြည်နယ်မှာ ဘယ်သူမှ ဘေးမသီ ရန်မခပါဘူး။ AA အကြမ်းဖက်အဖွဲ့ မိုက်ရိုင်းလွန်တယ်။ AA နဲ့ အလိုတူ အလိုပါ လုပ်ခဲ့ကြသူတွေဟာ ရခိုင်ပြည်သူလူထုကို စတေးခဲ့ကြသူတွေပဲ ဖြစ်ပါတယ်။


နောင်တော်လေး (ဘိုကလေး)

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Pages