ကာဇတ်စတန် သမ္မတ က ပူတင်၏ နိုင်ငံတော်ခရီးစဉ်ကို သမိုင်းဝင်ဖြစ်ရပ်အဖြစ် ဖော်ပြ - MyanmarNationalPost

.com/img/a/

News Agency

Breaking

  
demo-image

ကာဇတ်စတန် သမ္မတ က ပူတင်၏ နိုင်ငံတော်ခရီးစဉ်ကို သမိုင်းဝင်ဖြစ်ရပ်အဖြစ် ဖော်ပြ

002

ASTANA၊ နိုဝင်ဘာ ၂၈

ရုရှားသမ္မတ ဗလာဒီမာပူတင်၏ ကာဇက်စတန်နိုင်ငံခရီးစဉ်သည် သမိုင်းဝင်ဖြစ်ရပ်တစ်ခုဖြစ်ကြောင်း ကာဇတ်သမ္မတ Kassym-Jomart Tokaev က ပြောကြားခဲ့သည်။

"ကာဇက်စတန်နိုင်ငံကို နိုင်ငံတော်အလည်အပတ်လာရောက်ဖို့ ဖိတ်ခေါ်ချက်ကို လက်ခံတဲ့အတွက် ရုရှားဖက်ဒရေးရှင်းသမ္မတ ကို ကျေးဇူးတင်ကြောင်း ထပ်လောင်းပြောကြားလိုပါတယ်။ ခရီးစဉ်ဟာ ကာဇက်စတန်ဖွံ့ဖြိုးတိုးတက်ရေးမှာ အရေးကြီးတဲ့ အခန်းကဏ္ဍတစ်ခုဖြစ်၊ သမိုင်းဝင်ဖြစ်ရပ်တစ်ခု ဖြစ်လာပါတယ်။” ဟု Tokaev ကဆိုသည်။

ရုရှားသည် ၎င်း၏နိုင်ငံအတွက် မဟာဗျူဟာမိတ်ဖက်နှင့် ယုံကြည်စိတ်ချရသော မဟာမိတ်အဖြစ် ဖော်ပြခဲ့သည်။

နှစ်နိုင်ငံသည် အဓိပ္ပာယ်ပြည့်ဝပြီး အနာဂတ်ကို ဦးတည်သော ဆက်ဆံရေးကို ထူထောင်ခဲ့ကြောင်း ကာဇတ်ခေါင်းဆောင်က ပြောကြားခဲ့သည်။

ရုရှားသမ္မတ ပူတင်သည် နိုဝင်ဘာ ၂၇ ရက်တွင် နိုင်ငံတော်ခရီးစဉ်အဖြစ် ကာဇက်စတန်သို့ ရောက်ရှိခဲ့သည်။ နိုဝင်ဘာ ၂၈ ရက်တွင် ရုရှားသမ္မတသည် Astana ၌ ကျင်းပသည့် CSTO ထိပ်သီးအစည်းအဝေးတွင် ပါဝင်မည်ဖြစ်သည်။ သမ္မတနှစ်ဦးကြား ဆွေးနွေးပွဲအပြီးတွင် ချမှတ်ခဲ့သည့် ပူးတွဲကြေညာချက်တွင် ပူတင်သည် လာမည့်နှစ်တွင် ရုရှားနိုင်ငံသို့ ပြန်လည်လာရောက်လည်ပတ်ရန် Tokaev အား ဖိတ်ကြားခဲ့သည်ဟု ဆိုသည်။ ကာဇတ်ခေါင်းဆောင်က ဖိတ်ခေါ်ချက်ကို လက်ခံခဲ့သော်လည်း အချိန်ကာလအပိုင်းအခြားကို သဘောတူညီခြင်း မရှိသေးပေ။


Ref - TASS

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Pages