နေပြည်တော်၊ နိုဝင်ဘာ ၂၆
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ သက်သေများနှင့်အတူ နိုဝင်ဘာလ ၂၅ ရက်နေ့ ၁၃၀၀ အချိန် တာချီလိတ်မြို့နယ်၊ ပါဘီး(၃)ကျေးရွာနေ ယာဒေါင်း ၏ နေအိမ်အား ဝင်ရောက်ရှာဖွေရာ နေအိမ်ခြံဝင်းအတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၆,၀၀၀ ပြား(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၄၂ သိန်း)နှင့် RPG ဒုံးသီး ၁ လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့သည်။
ကွင်းဆက်ဖော်ထုတ်ချက်အရ ၁၃၂၅ အချိန် RPG ဒုံးသီး သိမ်းဆည်းခိုင်းထားသူ ယောနသန် အား တာချီလိတ်မြို့နယ်၊ ရန်ရှင်း(၂)ကျေးရွာရှိ ၎င်း၏ နေအိမ်တွင် ထပ်မံဖမ်းဆီးရမိခဲ့သဖြင့် ယာဒေါင်း(၄၆)နှစ် နှင့် ယောနသန်(၃၄)နှစ်တို့အား ဟောင်လိတ်နယ်မြေရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့် အရေးယူထားရှိပြီး ကွင်းဆက်များ ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။
ထို့အတူ နိုဝင်ဘာလ ၂၅ ရက်နေ့ ၁၂၃၀ အချိန် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ သက်သေများနှင့်အတူ ကျိုင်းတုံမြို့နယ်၊ မိုင်းဇင်းကျေးရွာအနီးတွင် အိုက်လုံမုတ် မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ၎င်းထံမှ စိတ်ကြွရူးသွပ်ဆေးပြား ၆,၀၀၀ ပြား(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၄၂ သိန်း)နှင့် လက်ကိုင်ဖုန်း ၁ လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့သဖြင့် အိုက်လုံမုတ်(၆၆)နှစ်အား ကျိုင်းတုံမြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့် အရေးယူထားရှိပြီး ကွင်းဆက်များ ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။
Join - https://t.me/MyanmarNationalPost
No comments:
Post a Comment