ပင်လုံ ၊ နိုဝင်ဘာ ၂၀
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ပင်လုံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်အခြေခံပညာကျောင်းတို့ ပူးပေါင်း၍ ယနေ့နံနက် (၉) နာရီအချိန်က အမှတ်(၂)အခြေခံပညာအလယ်တန်းကျောင်းခွဲသို့သွားရောက်ပြီး (၁၀၄)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်(အကြို) နံရံကပ်စာစောင်ပြပွဲ၊ ဟောပြောပွဲနှင့်စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်ဟောပြောခြင်းကို ကွင်းဆင်းဆောင်ရွက်ခဲ့ပါသည်။
အဆိုပါဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်အိမြတ်နိုးသူက ကျောင်းသား/ကျောင်းသူလေးများအား အမျိုးသားအောင်ပွဲနေ့ ဖြစ်ပေါ်လာပုံသမိုင်းကြောင်းနှင့် ကျောင်းစာများအပြင် ပြင်ပဗဟုသုတများရရှိစေရန်၊ စာအုပ်စာပေများလေ့လာဖတ်ရှုခြင်းကြောင့် အသိပညာဗဟုသုတများရရှိစေရန်နှင့် စာဖတ်ခြင်း၏အကျိုးကျေးဇူးကိုဟောပြော၍ ကျောင်းအုပ်ဆရာကြီး ဦးအောင်မြင့်ကျော်မှ ကျောင်းသား/ကျောင်းသူလူငယ်များအား ဟောပြောပွဲအကြောင်းအရာများအား မှတ်မိသိရှိသည်များကို မှတ်ဥာဏ်စွမ်းရည်များဖွံဖြိုးတိုးတက်စေရန်၊ စိတ်ကူးစိတ်သန်းကောင်းများနှင့် ကာယ၊ ဉာဏများ ဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ အပြန်အလှန်မေးခွန်းများမေးမြန်းခြင်းများ ဆောင်ရွက်ခဲ့ပါသည်။
ထို့နောက် ကျောင်းသား၊ ကျောင်းသူများအား ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်းအန္တရာယ်အသိပညာပေး နံရံကပ်စာစောင်များ၊ လူကုန်ကူးမှုအန္တရာယ်တားဆီးကာကွယ် နံရံကပ်စာစောင်များ၊ မြို့နယ်လှုပ်ရှားမှုမှတ်တမ်းဓာတ်ပုံများ ပြသဆောင်ရွက်ခဲ့ပြီး ကျောင်းသား၊ကျောင်းသူလေးများက စိတ်ပါဝင်စားစွာလေ့လာကြည့်ရှုခဲ့ကြကြောင်း သိရှိရပါသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment