ကမ္ဘောဒီးယားပြည်သူ့ပါတီ က လာမည့်နှစ်တွင် မြန်မာနိုင်ငံ ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရန် ကိုယ်စားလှယ်အဖွဲ့ စေလွှတ်မည် - MyanmarNationalPost

.com/img/a/

News Agency

Breaking

  
demo-image

ကမ္ဘောဒီးယားပြည်သူ့ပါတီ က လာမည့်နှစ်တွင် မြန်မာနိုင်ငံ ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရန် ကိုယ်စားလှယ်အဖွဲ့ စေလွှတ်မည်

040

ကမ္ဘောဒီးယားပြည်သူ့ပါတီ (CPP) သည် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) ၏ တောင်းဆိုချက်အရ ၂၀၂၅ ခုနှစ် နိုဝင်ဘာလတွင် ကျင်းပမည့် မြန်မာ့ရွေးကောက်ပွဲ လုပ်ငန်းစဉ်များကို စောင့်ကြည့်လေ့လာရန် ကိုယ်စားလှယ်အဖွဲ့ စေလွှတ်မည်ဖြစ်သည်။

ကမ္ဘောဒီးယားပြည်သူ့ပါတီ (CPP) ဥက္ကဋ္ဌ ဟွန်ဆန်နှင့် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးခင်ရီတို့ နိုဝင်ဘာ ၂၂ ရက်က ဖနွမ်းပင်မြို့၌ ကျင်းပသည့် အာရှနိုင်ငံရေးပါတီများ ညီလာခံ ( ICAPP) ၏ ၁၂ ကြိမ်မြောက် အထွေထွေညီလာခံ ပြင်ပတွင် တွေ့ဆုံပြီးနောက် သတင်းထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

နှစ်နိုင်ငံ ဆက်ဆံရေး ခိုင်မာစေရန် CPP နှင့် USDP အကြား သဘောတူညီမှု ရရှိရန်လည်း ဟွန်ဆန်က သဘောတူညီခဲ့သည်။

လွတ်လပ်၊ တရားမျှတ၊ ပွင့်လင်းမြင်သာပြီး အလွန်ကောင်းမွန်သော ကမ္ဘောဒီးယား ရွေးကောက်ပွဲ လုပ်ငန်းစဉ်ကို ဦးခင်ရီက ချီးကျူးခဲ့သည်။ ၎င်း၏ လုပ်ဖော်ကိုင်ဖက်များသည် ICAPP မူဘောင်အတွင်း ကမ္ဘောဒီးယား ရွေးကောက်ပွဲ လုပ်ငန်းစဉ်ကို စောင့်ကြည့်လေ့လာရာတွင် ပါဝင်ခဲ့ကြပြီး အတွေ့အကြုံကောင်းများစွာ ရရှိခဲ့ကြောင်း ပြောဆိုဆွေးနွေးခဲ့သည်။


Ref - Khmer Times

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Pages