ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ - MyanmarNationalPost

.com/img/a/

News Agency

Breaking

  
demo-image

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

078-01

ရန်ကုန်၊ နိုဝင်ဘာ ၂၁

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်း၊ တိုင်းဒေသကြီး ဝန်ကြီးများ၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် များနှင့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူ များ လုပ်ငန်းညှိနှိုင်း အစည်း အမှတ်စဉ်(၁၁/၂၀၂၄) ကို ယမန်နေ့နံနက်ပိုင်းက တိုင်း ဒေသကြီး အစိုးရအဖွဲ့ရုံး၊ မင်္ဂလာ ခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ အောက်တိုဘာ ၄ ရက်က ပြုလုပ်ခဲ့သော တိုင်း ဒေသကြီးအဆင့် ဌာနဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေး အမှတ်စဉ်(၁၀/၂၀၂၄) အစည်း အဝေး ဆုံးဖြတ်ချက်များဆောင် ရွက်ပြီးစီးမှုကို တာဝန်ရှိသူတစ်ဦး က ဖတ်ကြားတင်ပြသည်။

ယင်းနောက် ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ်ဦးစိုးသိန်း က အဖွင့်အမှာစကား ပြောကြားသည်။

ထို့နောက် ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့အတွင်း ရေးမှူး ဦးခင်မောင်ဆန်းက နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီ၊ ပြည်ထောင်စုအစိုးရ အဖွဲ့ရုံး၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်နှင့် ဝန်ကြီးဌာနများ၏ လမ်းညွှန်ချက် များ၊ ညွှန်ကြားချက်များကို ဖတ်ကြားရှင်းလင်းတင်ပြသည်။

ဆက်လက်၍ တိုင်းဒေသ ကြီး ဌာနဆိုင်ရာများမှ ၂၀၂၄- ၂၀၂၅ ဘဏ္ဍာငွေအရအသုံး ဆိုင်ရာ ကိစ္စရပ်များနှင့် စီမံကိန်း လုပ်ငန်းများ အကောင်အထည် ဖော် ဆောင်ရွက်မှုအခြေအနေ များကို ရှင်းလင်းတင်ပြကြသည်။

ထို့နောက် တိုင်းဒေသကြီး ဌာနဆိုင်ရာ တာဝန်ရှိသူများက လုပ်ငန်းကဏ္ဍများအလိုက် ဆွေးနွေး တင်ပြကြသည်။

ဆွေးနွေးတင်ပြမှုများအပေါ် ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း က စားရေရိက္ခာဖူလုံစွာ စိုက်ပျိုး ရေး၊ သီးထပ်စိုက်ပျိုးရေး၊ မိုးစပါးများ အချိန်မီ ရိတ်သိမ်းနိုင်ရေး၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း စနစ်တကျ လိုက်နာဆောင်ရွက်နိုင်ရေး၊ ဒေသတွင်း ဖွံ့ဖြိုးတိုးတက်ရေး ကိစ္စရပ်များကို ဌာနဆိုင်ရာ တာဝန်ရှိသူများက ဝိုင်းဝန်း ညှိနှိုင်းပူးပေါင်း ဆောင်ရွက်ကြရန်နှင့် လိုအပ်သည်များ ပြောကြားခဲ့ကြောင်း သိရသည်။


ဆန်းကျော်ဦး

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Pages