ဇလွန် ၊ နိုဝင်ဘာ ၂၅
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်တွင် မြန်မာနိုင်ငံစာရေးဆရာအသင်း တတိယအကြိမ် စာပေညီလာခံ အတွေ့အကြုံရှင်းလင်းပွဲနှင့် ဧရာဝတီတိုင်းဒေသကြီးအဆင့် (၂၅) ကြိမ်မြောက် ဆို၊ က၊ ရေး၊ တီး ပြိုင်ပွဲတွင် ဆုရစာရေးဆရာအား ဂုဏ်ပြုပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၁၁ နာရီတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းထွန်းလင်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီး ဧရာဝတီတိုင်းဒေသကြီးအဆင့် (၂၅)ကြိမ်မြောက်ငွေရတု ဆို၊ က၊ ရေး၊ တီး ပြိုင်ပွဲ အရေးပြိုင်ပွဲတွင် ဆုရရှိသော စာရေးဆရာဦးရွှေသောင်းအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းထွန်းလင်းက ဆုချီးမြှင့်ခဲ့သည်။ ယင်းနောက် စာရေးဆရာအသင်း ညီလာခံကိုယ်စားလှယ် ဦးတင်မောင်ဝင်း(ဒူးယား)က ညီလာခံအတွေ့အကြုံအား ရှင်းလင်းပြောကြားခဲ့ပြီး စာပေဗိမာန်စာပေဆုများနှင့် စာပေဆုများရှင် ဆရာဇော်လွင်ဦး(ဟင်္သာတ)က ဂုဏ်ပြုမုဒိတာစကားပြောကြား၍ (၂၅) ကြိမ်မြောက် ငွေရတု ဆို၊ က၊ ရေး၊ တီး ပြိုင်ပွဲ အရေးပြိုင်ပွဲတွင် ဆုရရှိသော စာရေးဆရာဦးရွှေသောင်းက အတွေ့အကြုံအား ရှင်းလင်းပြောကြားခဲ့သည်။ ယင်းနောက် မြို့နယ်စာရေးဆရာအသင်းဥက္ကဋ္ဌ ဦးမျိုးမြင့် (မောင်ပြေငြိမ်းဇလွန်) က စာပေဗိမာန်စာပေဆုများနှင့် စာပေဆုများရှင် ဆရာဇော်လွင်ဦး(ဟင်္သာတ)နှင့် ဂီတသံသာ ဆရာစိန်လှကြိုင်တို့အား ဂုဏ်ပြုလက်ဆောင်များ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
ဝေယံ
https://t.me/MyanmarNationalPost
No comments:
Post a Comment