မြန်မာ-တရုတ်ချစ်ကြည်ရေးကျောင်းဆောင် ပြုပြင်မွမ်းမံလှူဒါန်းခြင်း အခမ်းအနား လှိုင်သာယာမြို့နယ် အမှတ်(၁၄)အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပ - MyanmarNationalPost

.com/img/a/

News Agency

Breaking

  
demo-image

မြန်မာ-တရုတ်ချစ်ကြည်ရေးကျောင်းဆောင် ပြုပြင်မွမ်းမံလှူဒါန်းခြင်း အခမ်းအနား လှိုင်သာယာမြို့နယ် အမှတ်(၁၄)အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပ

078-02

078-03

079

079-01

079-02

079-03

080

081

ရန်ကုန်၊ နိုဝင်ဘာ ၂၁

မြန်မာနိုင်ငံဆိုင်ရာ တရုတ် ပြည်သူ့သမ္မတနိုင်ငံ သံရုံးက လှူဒါန်း၍ မြန်မာ-တရုတ် ပူးပေါင်းဆက်ဆံရေး ဗဟိုအသင်း က တာဝန်ယူဆောင်ရွက်သည့် မြန်မာ-တရုတ် ချစ်ကြည်ရေး ကျောင်းဆောင် ပြုပြင်မွမ်းမံ လှူဒါန်းခြင်း အခမ်းအနားကို ယနေ့ နံနက်ပိုင်းက လှိုင်သာ ယာ (အရှေ့ပိုင်း)မြို့နယ် အမှတ် (၁၄) အခြေခံပညာ အထက်တန်း ကျောင်းတွင် ကျင်းပသည်။

ရှေးဦးစွာ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့ သမ္မတနိုင်ငံသံအမတ်ကြီး Ms.Ma Jia က မြန်မာ-တရုတ် ချစ်ကြည်ရေး ကျောင်းဆောင် ပြုပြင်မွမ်းမံ လှူဒါန်းရခြင်းနှင့် ပတ်သက်၍ ပြောကြားရာတွင် မြန်မာနိုင်ငံ မှာ တရုတ်-မြန်မာချစ်ကြည်ရေး ကျောင်းဆောင်ပေါင်း ၂၃ ကျောင်း ဆောက်လုပ်လှူဒါန်းခဲ့ ပြီး လှိုင်သာယာမြို့နယ် အမှတ် (၁၄) အခြေခံပညာ အထက်တန်းကျောင်းလည်း အပါအဝင် ဖြစ်ပါကြောင်း၊ ကျောင်းသား၊ ကျောင်းသူများသည် နိုင်ငံတော် တိုးတက်မှု၏ အဓိကအင်အား များဖြစ်၍ အားလုံးက ပညာကို ထူးချွန်အောင် ကြိုးစားသင်ယူ ပြီး ဆွေမျိုးပေါက်ဖော် ချစ်ကြည် ရေးအတွက် အုတ်တစ်ချပ် သဲတစ်ပွင့် ဖြည့်ဆည်းပေးဖို့ မျှော်လင့်ပါကြောင်းနှင့် တရုတ်- မြန်မာ ချစ်ကြည်ရေး အဓွန့်ရှည်ပါစေကြောင်း ပြောကြားသည်။

ထို့နောက် ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း က တရုတ်-မြန်မာ ချစ်ကြည် ရေးအတွက် ပညာရေးအထောက် အကူပြု တရုတ်-မြန်မာချစ်ကြည်ရေး ကျောင်းဆောင်အဖြစ် လှိုင်သာယာမြို့နယ် အမှတ်(၁၄) အခြေခံပညာ အထက်တန်းကျောင်းတွင်ရှိသော တရုတ်- မြန်မာချစ်ကြည်ရေး ကျောင်းဆောင်ကို ၂၀၁၇ ခုနှစ်တွင် မြန်မာနိုင်ငံဆိုင်ရာ တရုတ် ပြည်သူ့သမ္မတနိုင်ငံ သံရုံးက ဆောက်လုပ်လှူဒါန်းပေးခဲ့ပြီး အချိန်ကာလတစ်ခု ကြာမြင့်ခဲ့၍ အမိုးအသစ်မိုးခြင်း၊ စာသင်ဆောင်ရှေ့တွင် သဲဖို့ကွန်ကရစ် လောင်းခြင်း၊ မှန်ပြတင်းများ ပြုပြင်ခြင်းတို့ကို မြန်မာ-တရုတ် ပူးပေါင်းဆက်ဆံရေး ဗဟို အသင်းက တာဝန်ယူပြုပြင်ပြီးစီးခဲ့ပြီဖြစ်ကြောင်း၊  ပညာရေးဖွံ့ဖြိုးတိုးတက်မှုအတွက် တရုတ်နိုင်ငံ က ပံ့ပိုးကူညီမှုများသည် နိုင်ငံအတွက် များစွာအကျိုးဖြစ်ထွန်း ပြီး နှစ်နိုင်ငံဆွေမျိုးပေါက်ဖော် ချစ်ကြည်ရင်းနှီးမှုအတွက် ပိုမို နက်ရှိုင်းစွာ အကျိုးရှိစေပြီး ယနေ့ လှူဒါန်းမှုသည် တန်ဖိုး မဖြတ်နိုင်သော လှူဒါန်းမှုဖြစ်ကြောင်း၊ တရုတ် - မြန်မာ နှစ်နိုင်ငံ ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရေး အဓွန့်ရှည် တည်တံ့ ခိုင်မြဲ တိုးတက်ပါစေကြောင်း နှင့် ယခုကဲ့သို့ လှူဒါန်းမှုအတွက် ကျေးဇူးတင်ရှိပါကြောင်း ပြောကြားသည်။

ဆက်လက်၍ တိုင်းဒေသ ကြီး ဝန်ကြီးချုပ်က မြန်မာ- တရုတ်ချစ်ကြည်ရေး ကျောင်းဆောင် ပြုပြင်မွမ်းမံလှူဒါန်းပေးခဲ့သည့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ သံအမတ်ကြီး Ms.Ma Jia အား ဂုဏ်ပြုမှတ်တမ်းကို လည်းကောင်း၊ ကျောင်းဆောင်ပြုပြင် မွမ်းမံပြင်ဆင်နိုင်ရန် ပူးပေါင်းကူညီ ဆောင်ရွက်ပေးခဲ့သည့် မြန်မာ-တရုတ် ပူးပေါင်းဆက်ဆံရေး ဗဟိုအသင်းမှ တာဝန်ရှိသူ တစ်ဦးအားလည်းကောင်း ဂုဏ်ပြုမှတ်တမ်းပေးအပ်သည်။

ထို့နောက် အမှတ် (၁၄) အခြေခံပညာအထက်တန်းကျောင်း ကျောင်းသား၊ ကျောင်းသူ များက တင်ဆက်ကပြကြရာ သံအမတ်ကြီးနှင့်တိုင်းဒေသကြီး ဝန်ကြီးချုပ်တို့က ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ကြသည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ သံအမတ်ကြီးနှင့် တာဝန်ရှိသူများသည် မြန်မာ- တရုတ် ချစ်ကြည်ရေး ကျောင်းဆောင်ကို လှည့်လည်ကြည့်ရှု ကြသည်။

အခမ်းအနားသို့ ရန်ကုန် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် တိုင်းဒေသကြီး ဝန်ကြီးများ၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံ အမတ်ကြီး H.E Ms.Ma Jia မြန်မာ-တရုတ် ပူးပေါင်းဆက်ဆံ ရေး ဗဟိုအသင်း တာဝန်ရှိသူ များ၊ တိုင်း/ခရိုင်/မြို့နယ်ပညာ ရေးမှူးရုံးများမှ တာဝန်ရှိသူ များ၊ ခရိုင်/မြို့နယ် စီမံအုပ်ချုပ် ရေးအဖွဲ့ဥက္ကဋ္ဌများ၊ ကျောင်းအုပ် ဆရာမကြီးနှင့် ဆရာ၊ ဆရာမ များ၊ ကျောင်းသား၊ ကျောင်းသူ များ၊ တာဝန်ရှိသူများ တက် ရောက်ကြသည်။


ဆန်းကျော်ဦး

Join - https://t.me/MyanmarNationalPost


No comments:

Post a Comment

Donate and Support

Pages