မိုင်းဖြတ်မြို့နယ်၌ (၁၀၄)နှစ်​မြောက် အမျိုးသား​အောင်ပွဲ​နေ့ အထိမ်းအမှတ် မြို့နယ်အဆင့် စာစီစာကုံး၊ ကဗျာ၊ ပန်းချီပြိုင်ပွဲများကျင်းပ - MyanmarNationalPost

.com/img/a/

News Agency

Breaking

  
demo-image

မိုင်းဖြတ်မြို့နယ်၌ (၁၀၄)နှစ်​မြောက် အမျိုးသား​အောင်ပွဲ​နေ့ အထိမ်းအမှတ် မြို့နယ်အဆင့် စာစီစာကုံး၊ ကဗျာ၊ ပန်းချီပြိုင်ပွဲများကျင်းပ


%E1%81%82%E1%81%80%E1%81%85


မိုင်းဖြတ်  ၊ နိုဝင်ဘာ ၂၃


ရှမ်းပြည်နယ်(အ​ရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင်၊ ၂၀၂၄ခုနှစ် ​နိုဝင်ဘာလ ၂၅ ရက်​နေ့တွင် ကျ​ရောက်မည့် (၁၀၄) နှစ်​မြောက် အမျိုးသား​အောင်ပွဲ​နေ့အထိမ်းအမှတ် မြို့နယ်အဆင့် စာစီစာကုံး၊ ကဗျာ၊ ပန်းချီပြိုင်ပွဲများကို ယနေ့နံနက် ၉ နာရီက အ​ခြေခံပညာအထက်တန်း​ကျောင်း(မိုင်းဖြတ်)၌ ကျင်းပပြုလုပ်ခဲ့​ကြောင်း သိရသည်။


ရှေးဦးစွာ တာဝန်ကျ ဆရာ၊ ဆရာမများက ပြိုင်ပွဲစည်းကမ်းချက်များနှင့် အတန်းအလိုက် ​ပြိုင်ပွဲ​ခေါင်းစဥ်များကို ရှင်းလင်း​ပြောကြားခဲ့သည်။ ထို့​နောက် ပြိုင်ပွဲများကို ဆက်လက်ယှဥ်ပြိုင်​စေခဲ့ရာ အထက်တန်းဆင့် စာစီစာကုံးကို အမျိုးသားအောင်ပွဲနေ့နှင့် လူငယ်တာဝန်​ခေါင်းစဥ်ဖြင့်လည်း​ကောင်း၊ ကဗျာကို ပြည်ငြိမ်းချမ်းဖို့  ညီညွတ်စို့ခေါင်းစဥ်ဖြင့်လည်း​ကောင်း၊ အလယ်တန်းဆင့် စာစီစာကုံးကို အမျိုးသားအောင်ပွဲနေ့တို့မမေ့ ​ခေါင်းစဥ်ဖြင့်လည်း​ကောင်း၊ ကဗျာကို အမျိုးသားဂုဏ်ရောင် လတန်ဆောင် ခေါင်းစဥ်ဖြင့်လည်း​ကောင်း၊ မူလတန်းအဆင့် ပန်ချီပြိုင်ပွဲကို အမျိုးသား​အောင်ပွဲ​နေ့ ပုံရိပ်များဖြင့် အသီးသီးယှဥ်ပြိုင်​စေခဲ့​ကြောင်း သိရသည်။


အဆိုပါ ပြိုင်ပွဲများသို့ မြို့နယ်အတွင်းရှိ အ​ခြေခံပညာ​ကျောင်းများမှ ​အထက်တန်းအဆင့် (၈) ဦး၊ အလယ်တန်းအဆင့် (၁၈) ဦး၊ မူလတန်းအဆင့် (၈) ဦး စုစု​ပေါင်း (၃၄) ဦး ဝင်​ရောက်ယှဥ်ပြိုင်ကြ​ပြီး ဆုရရှိသည့် ​ကျောင်းသား၊ ​ကျောင်းသူများကို (၁၀၄) နှစ်​မြောက် အမျိုးသား​အောင်ပွဲ​နေ့ အခမ်းအနားတွင် ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်သွားမည်ဖြစ်​ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Pages