Pages

Pages

ပါကစ္စတန်နိုင်ငံ မြို့တော်မှာ ဆန္ဒပြမှုတွေအတွင်း အနည်းဆုံး ၁၂ ဦး သေဆုံး


အစ္စလာမာဘတ်၊ နိုဝင်ဘာ ၂၆

Pakistan Tehreek-e-Insaf (PTI သို့မဟုတ် Movement for Justice) အတိုက်အခံပါတီက အစ္စလာမ်မာဘတ်တွင် ကျင်းပသည့် ဆန္ဒပြပွဲ ရုန်းရင်းဆန်ခတ်ဖြစ်မှုအတွင်း ဥပဒေအရာရှိ ၁၀ ဦးအပါအဝင် အနည်းဆုံး လူ ၁၂ ဦး သေဆုံးခဲ့ကြောင်း Geo TV က ဖော်ပြသည်။

ရုပ်သံထုတ်လွှင့်သူ၏ အဆိုအရ ပါကစ္စတန်တရားဥပဒေစိုးမိုးရေးအေဂျင်စီများသည် ဆန္ဒပြသူများအား အစ္စလာမာဘတ်မြို့လယ်သို့ မရောက်ရှိအောင် တားဆီးရန်နှင့် ဆူပူအုံကြွမှုများကို နှိမ်နင်းရန် ကြိုးပမ်းနေကြောင်း၊ ရိန်းဂျားတပ်ဖွဲ့ဝင် အများအပြား၊ ရဲအရာရှိနှစ်ဦးနှင့် နယ်ခြားစောင့်တပ်သားများ အပါအဝင် စုစုပေါင်း သေဆုံးသူ ၁၂ ဦးရှိကြောင်း၊ ရဲတပ်ဖွဲ့ဝင် (၁၀၀)ကျော် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ပါကစ္စတန် ဝန်ကြီးချုပ် Shehbaz Sharif က တရားဥပဒေစိုးမိုးရေး အရာရှိများအား တိုက်ခိုက်မှုတွေကို ရှုတ်ချခဲ့ပြီး တာဝန်ရှိ သူတွေကို တရားမျှတမှု ပေးဖို့ လိုအပ်ကြောင်း အလေးပေး ပြောကြားခဲ့သည်။

PTI သည် ဖက်ဒရယ်အစိုးရမှ အောက်တိုဘာလတွင် အတည်ပြုခဲ့သည့် ဖွဲ့စည်းပုံပြင်ဆင်ချက်ကို ရုပ်သိမ်းရန်၊ ဖေဖော်ဝါရီ ပါလီမန်ရွေးကောက်ပွဲရလဒ်များကို ပြန်လည်သုံးသပ်ကာ ပါတီတည်ထောင်သူနှင့် ဝန်ကြီးချုပ်ဟောင်း အင်မရန်ခန်းအပါအဝင် နိုင်ငံရေးအကျဉ်းသားများကို လွှတ်ပေးရန် နိုဝင်ဘာ ၂၄ ရက်က တစ်နိုင်ငံလုံး ဆန္ဒပြပွဲများ စတင်ခဲ့သည်။


Ref - Tass

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment