Pages

Pages

ဥပဒေရေးရာဝန်ကြီးဌာနနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံရှေ့နေချုပ်ရုံးတို့ ပူးပေါင်း၍ ဥပဒေဆိုင်ရာ ဟောပြောပွဲကျင်းပ


နေပြည်တော်၊ နိုဝင်ဘာ ၂၇

ဥပဒေရေးရာဝန်ကြီးဌာနနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ရှေ့နေချုပ်ရုံးတို့အကြား လက်မှတ်ရေးထိုးခဲ့သော ပူးပေါင်းဆောင်ရွက်ရေးစာချွန်လွှာအရ ဆောင်ရွက်ရေးအစီအစဉ် (၂၀၂၄-၂၀၂၅) အားအကောင်အထည်ဖော်သည့်အနေဖြင့် ဥပဒေရေးရာဝန်ကြီးဌာနနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံရှေ့နေချုပ်ရုံးတို့ ပူးပေါင်း၍ ရုရှားဖက်ဒရေးရှင်းနိုင်ငံမှ ကျွမ်းကျင်သူများ၏ ဥပဒေဆိုင်ရာ ဟောပြောပွဲကို ယမန်နေ့က နေပြည်တော်ရှိ ဥပဒေရေးရာဝန်ကြီးဌာန ဥပဒေအသိပညာ ပြန့်ပွားရေးသင်တန်းကျောင်း၌ ကျင်းပသည်။

ဟောပြောပွဲသို့ ဥပဒေရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦး၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ ဦးစစ်အေး၊ ဥပဒေရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် ဒုတိယရှေ့နေချုပ် ဒေါက်တာထိန်လင်းဦး၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးဦးမျိုးတင့်၊ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်တိုးရီ၊ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးအဖွဲ့ဝင် ဦးကျော်ဆန်း၊ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာခုံရုံးအဖွဲ့ဝင် ဒေါက်တာခင်မောင်ဦး၊ ကာကွယ်ရေးဝန်ကြီး ဌာန အမြဲတမ်းအတွင်းဝန် ဗိုလ်မှူးချုပ်မျိုးမင်း၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံရှေ့နေချုပ်ရုံးမှ ပြစ်မှုဆိုင်ရာအမှုများ တရားစွဲနှင့် အမှုလိုက်ဌာန၏ ဌာနအကြီးအကဲ Mr. BAZHUTOV Sergey ဦးဆောင်သော ရုရှားဖက်ဒရေးရှင်းနိုင်ငံမှ ကျွမ်းကျင်ကိုယ်စားလှယ်အဖွဲ့၊ မြန်မာနိုင်ငံဆိုင်ရာ ရုရှားဖက်ဒရေးရှင်းနိုင်ငံသံရုံးမှ တာဝန်ရှိသူများ၊ ဥပဒေရေးရာဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ သင်တန်းသား သင်တန်းသူများ တက်ရောက်ကြသည်။

အဆိုပါဟောပြောပွဲတွင် ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦးက ယနေ့တွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ရှေ့နေချုပ်ရုံးမှ ကျွမ်းကျင်ကိုယ်စားလှယ် သုံးဦးက ဒစ်ဂျစ်တယ် နည်းပညာအသုံးပြု၍ ပြစ်မှုကျူးလွန်ခြင်းအပေါ် ခြေရာခံထောက်လှမ်းခြင်းအပါအဝင် နည်းပညာ အသုံးပြု၍ ဂိုဏ်းဖွဲ့ကျူးလွန်သော မှုခင်းများကို တိုက်ဖျက်ခြင်းနှင့် စပ်လျဉ်း၍ ကြုံတွေ့ရသည့်စိန်ခေါ်မှုများနှင့် ကာကွယ်တားဆီးခြင်းနည်းလမ်းများ၊ တရားမဝင်ဆောင်ရွက်မှုများအပေါ် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၏ ကာကွယ်တားဆီးရေးဆိုင်ရာ လုပ်ထုံး လုပ်နည်းများ၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံ၏ အဂတိလိုက်စားမှုတိုက်ဖျက်ခြင်းဆိုင်ရာ သိကောင်းစရာများကို ဘာသာရပ်အလိုက် ဟောပြောသွားမည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် ရုရှားဖက်ဒရေးရှင်းနိုင်ငံရှေ့နေချုပ်ရုံးမှ ကျွမ်းကျင်ကိုယ်စားလှယ် သုံးဦးတို့က “ဒစ်ဂျစ် တယ်နည်းပညာအသုံးပြု၍ ပြစ်မှုကျူးလွန်ခြင်းအပေါ် ခြေရာခံထောက်လှမ်းခြင်းအပါအဝင် နည်းပညာအသုံးပြု၍ ဂိုဏ်းဖွဲ့ကျူးလွန်သော မှုခင်းများကို တိုက်ဖျက်ခြင်းနှင့်စပ်လျဉ်း၍ ကြုံတွေ့ရ သည့် စိန်ခေါ်မှုများနှင့် ကာကွယ်တားဆီးခြင်းနည်းလမ်းများ” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ “ရုရှား ဖက်ဒရေးရှင်းနိုင်ငံအတွင်း နိုင်ငံခြားနှင့် အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများ၏ တရားမဝင်ဆောင်ရွက်မှုများအပေါ် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၏ ကာကွယ် တားဆီးရေးဆိုင်ရာလုပ်ထုံးလုပ်နည်းများ” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ “ရုရှားဖက်ဒရေးရှင်းနိုင်ငံ၏ အဂတိလိုက်စားမှုတိုက်ဖျက်ခြင်းဆိုင်ရာ သိကောင်းစရာ” ခေါင်းစဉ်ဖြင့်လည်းကောင်း ဟောပြောဆွေးနွေးကြရာ တက်ရောက်လာကြသူများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးကြသည်။

ဟောပြောပွဲအပြီးတွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ရှေ့နေချုပ်ရုံးမှ ပြစ်မှုဆိုင်ရာအမှုများ တရားစွဲနှင့် အမှုလိုက်ဌာန၏ ဌာနအကြီးအကဲ Mr. BAZHUTOV Sergey က ရုရှားဖက်ဒရေးရှင်းနိုင်ငံ ရှေ့နေချုပ်ရုံးက ပေးအပ်သော Certificate ကို သင်တန်းသား သင်တန်းသူများကို ပေးအပ်ပြီး ဥပဒေအသိပညာ ပြန့်ပွားရေးသင်တန်းကျောင်းရှိ သရုပ်ပြတရားခွင်နှင့် E-Library များကို လှည့်လည်ကြည့်ရှုကြသည်။

ယင်းနောက် ဥပဒေရေးရာဝန်ကြီးဌာနနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ရှေ့နေချုပ်ရုံးတို့အကြား “တရားရုံးများ၌ ရာဇဝတ်မှုနှင့် တရားမမှုများကို လိုက်ပါဆောင်ရွက်ရာတွင် အစိုးရရှေ့နေများ၏ ပါဝင်ဆောင်ရွက်မှုများနှင့် အစိုးရရှေ့နေများက အီလက်ထရောနစ်သက်သေခံချက်များအား တင်သွင်းဆောင်ရွက်ခြင်း” ခေါင်းစဉ်ဖြင့် နှစ်နိုင်ငံ တွေ့ဆုံဆွေးနွေးပွဲကို ကျင်းပကြကြောင်း သိရသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment