တွံတေးမြို့နယ်တွင် (၁၀၄) ကြိမ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် မြို့နယ်အဆင့် စာစီစာကုံး၊ ပန်းချီပြိုင်ပွဲများ ကျင်းပ - MyanmarNationalPost

.com/img/a/

News Agency

Breaking

  
demo-image

တွံတေးမြို့နယ်တွင် (၁၀၄) ကြိမ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် မြို့နယ်အဆင့် စာစီစာကုံး၊ ပန်းချီပြိုင်ပွဲများ ကျင်းပ

 

19


တွံတေး ၊  နိုဝင်ဘာ ၂၃


ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်တွင် (၁၀၄) ကြိမ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် မြို့နယ်အဆင့် အခြေခံပညာကျောင်းပေါင်းစုံ စာစီစာကုံး၊ ပန်းချီပြိုင်ပွဲများကို ယနေ့ နံနက် ၉ နာရီအချိန်က အ.ထ.က(၁) တွံတေး​ ယုဇနခန်းမ၌ ကျင်းပပြုလုပ်သည်။


အဆိုပါပြိုင်ပွဲကို အခြေခံပညာဦးစီးဌာန၏ လမ်းညွှန်မှုဖြင့် မျိုးဆက်သစ် ကျောင်းသား/ကျောင်းသူလေးများ အမျိုးဂုဏ်၊ ဇာတိဂုဏ်မြင့်မားရေး မျိုးချစ်စိတ်ဓာတ်ရှင်သန်ထက်မြတ်စေရန်နှင့် ဇာတိသွေး၊ ဇာတိမာန် အမျိုးသားရေးစိတ်ဓာတ်များ ရှင်သန်တိုးတက်လာစေရန် ရည်ရွယ်၍  


"ပြည်ထောင်စုကြီးငြိမ်းချမ်းဖို့ တစ်မျိုးသားလုံး ညီညွတ်စို့" ခေါင်းစဉ်ဖြင့် (၁၀၄) ကြိမ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် မြို့နယ်အဆင့် စာစီစာကုံး၊ ပန်းချီပြိုင်ပွဲများကို မြို့နယ်ပညာရေးမှူးနှင့် ပညာရေးဝန်ထမ်းများက ကြီးကြပ်ဆောင်ရွက်ခဲ့သည်။


ယင်းပြိုင်ပွဲများကို အခြေခံပညာကျောင်းများမှ ကျောင်းသား/ကျောင်းသူများ လာရောက်ယှဉ်ပြိုင်ခဲ့ကြပြီး စာစီစာကုံးပြိုင်ပွဲတွင် အထက်တန်းအဆင့်ကျောင်းသား/ကျောင်းသူ (၂၆) ဦး၊ အလယ်တန်းအဆင့် ကျောင်းသား/ကျောင်းသူ (၈)ဦး၊ ကဗျာအရေးပြိုင်ပွဲတွင် အထက်တန်းအဆင့် (၇)ဦး၊ အလယ်တန်းအဆင့်(၁၃)ဦး၊ ပန်းချီပြိုင်ပွဲတွင် မူလတန်းအဆင့်  ကျောင်းသား/ကျောင်းသူ (၁၂) ဦး၊ စုစုပေါင်း ကျောင်းသား/ကျောင်းသူ (၆၆) ဦး လာရောက်ယှဉ်ပြိုင်ခဲ့ကြောင်း မြို့နယ်ပညာရေးမှူးရုံး တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။


မျိုးလှိုင်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Pages