ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း အမျိုးသမီးစွမ်းဆောင်ရှင်များနေ့ဂုဏ်ပြုသည့် အားလုံးအတွက် စွန့်ဦးတီထွင် စီးပွားရေးလုပ်ငန်းရှင် ပညာပေးဟောပြောပွဲ အခမ်းအနား တက်ရောက် - MyanmarNationalPost

.com/img/a/

News Agency

Breaking

  
demo-image

ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း အမျိုးသမီးစွမ်းဆောင်ရှင်များနေ့ဂုဏ်ပြုသည့် အားလုံးအတွက် စွန့်ဦးတီထွင် စီးပွားရေးလုပ်ငန်းရှင် ပညာပေးဟောပြောပွဲ အခမ်းအနား တက်ရောက်

036-01

ရန်ကုန်၊ နိုဝင်ဘာ ၂ဝ

ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် တိုင်းဒေသကြီး ဝန်ကြီးများသည် ယမန်နေ့ နံနက်ပိုင်းက လှိုင် မြို့နယ်၊ MICT တွင် မြန်မာ အမျိုးသမီးစီးပွားရေးစွမ်းဆောင်ရှင်များအသင်းက ကြီးမှူး၍Global Entrepreneurship Week & Women Entrepreneurship Day 2024 အထိမ်းအမှတ် ကျင်းပသည့် Entrepreneurship is for Everyone "အားလုံးအတွက် စွန့်ဦးတီထွင် စီးပွားရေးလုပ်ငန်း ရှင်" ခေါင်းစဉ်ဖြင့် ကျင်းပသည့် ပညာပေးဟောပြောပွဲ အခမ်း အနားသို့ တက်ရောက်ကြသည်။ 

ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က ဂုဏ်ပြုအမှာ စကားပြောကြားသည်။

ထို့နောက် မြန်မာအမျိုးသမီး စီးပွားရေး စွမ်းဆောင်ရှင်များအသင်း ဥက္ကဋ္ဌ ဒေါ်ကြွေကြွေဇင် က ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားသည်။ 

ဆက်လက်၍ မြန်မာအမျိုးသမီး စီးပွားရေးစွမ်းဆောင် များအသင်း ဒုတိယဥက္ကဋ္ဌ ဒေါ်ခင်သက်မော်က Moderator အဖြစ် ဆောင်ရွက်ပြီး Entrepreneur Panelist များအဖြစ် မမဉ္ဇူ (Zu Zu Collection) ဒေါ်မော်မော်ထွန်း (Top HR)၊ ဒေါ်ဆွေဇင်လဲ့ (Stella Collection)၊ ဦးရဲထွန်းနောင် (World and Asian Body Building Cham- pion) တို့နှင့် Women Entrepreneurship Day ဂုဏ်ပြု စကားဝိုင်း ဆွေးနွေးကြရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဝန်ကြီးများ တက်ရောက်ကြသည်။ 

မြန်မာအမျိုးသမီး စီးပွားရေး စွမ်းဆောင်ရှင်များအသင်းသည် Women Entrepreneurship Day ကို ဂုဏ်ပြုသည့် အထိမ်း အမှတ်အဖြစ် ရန်ကုန်မြို့မှ အစ Global Entrepreneurship Week ဖြစ်သည့် နိုဝင်ဘာ ၁၉ ရက်မှ ၂၄ ရက် အထိ အသင်းသူများရှိသည့် ရန်ကုန်၊ မန္တလေး၊ နေပြည်တော်၊ ပြည်မြို့နှင့် တောင်ကြီးမြို့တို့ တွင် စွန့်ဦးတီထွင်စီးပွားရေး လုပ်ငန်းရှင် ၁၀၀၀ ပေါ်ထွန်းလာစေရေးလှုပ်ရှားမှုဖြင့် ဆက်တိုက်ကျင်းပသွားမည်ဖြစ်သည်။ 

အဆိုပါအခမ်းအနားကို တည်ထောင်သူများ၊ ရင်းနှီးမြှုပ်နှံသူများ၊ မူဝါဒချမှတ်သူများ၊ စွန့်ဦးတီထွင်သူများ၏ ကူညီပံ့ပိုးမှုဖြင့် နယ်ပယ်အသီးသီးမှ ပုဂ္ဂိုလ်များကို အတားအဆီးအခက်အခဲမရှိဘဲ စွန့်ဦးတီထွင်မှု လမ်းကြောင်းပေါ် ရောက်ရှိလာနိုင်ရန် ရည်ရွယ်ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။


ဆန်းကျော်ဦး

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Pages