ပြည်ထောင်စုဝန်ကြီး ဦးလှမိုး သမဝါယမအသင်းပိုင် ဆီစက်ဖွင့်ပွဲနှင့် စီမံကိန်းလုပ်ငန်းသုံးပစ္စည်းများပေးအပ်ပွဲ တက်ရောက် - MyanmarNationalPost

.com/img/a/

News Agency

Breaking

  
demo-image

ပြည်ထောင်စုဝန်ကြီး ဦးလှမိုး သမဝါယမအသင်းပိုင် ဆီစက်ဖွင့်ပွဲနှင့် စီမံကိန်းလုပ်ငန်းသုံးပစ္စည်းများပေးအပ်ပွဲ တက်ရောက်

003

နေပြည်တော်၊ နိုဝင်ဘာ ၂ဝ

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ ဒုတိယဝန်ကြီး ဦးမြင့်စိုး၊ နေပြည်တော်ကောင်စီအဖွဲ့ဝင်များနှင့် အတူ ယမန်နေ့က နေပြည်တော်ကောင်စီနယ်မြေ ပုဗ္ဗသီရိမြို့နယ် ဖြုတ်ခွဲကျေးရွာသို့ သွားရောက်ပြီး သားတင်ဦး အထွေထွေစီးပွားရေးလုပ်ငန်း သမဝါယမအသင်းနှင့် ကျောက်စိမ်းလယ်ယာနှင့် အထွေထွေစီးပွားရေးသမဝါယမအသင်းတို့ အကျိုးတူပူးပေါင်းဆောင်ရွက်သော အိမ်ရှင်မဆီစက်ဖွင့်ပွဲသို့ တက်ရောက်သည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီး၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန် နှင့် ညွှန်ကြားရေးမှူးချုပ်များက အိမ်ရှင်မဆီစက်ကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး ပြည်ထောင်စုဝန်ကြီးနှင့် နေပြည်တော်ကောင်စီဥက္ကဋ္ဌတို့က ဆီစက်ဆိုင်းဘုတ် အား စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးကာ အမွှေးနံ့သာရည် များ ပက်ဖျန်းပေးသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးက ပုဗ္ဗသီရိမြို့နယ် ဖြုတ်ခွဲကျေးရွာတွင် တန်ဖိုးမြှင့်စားသုံးဆီ ထုတ်လုပ်ဖြန့်ဖြူးရောင်းချခြင်းလုပ်ငန်းကို သမဝါယမအသင်းနှစ်သင်း ပေါင်းစပ်ဆောင်ရွက်ခဲ့ပြီး တစ်ရက်လျှင် မြေပဲဆီ ၅၀၄ ပိဿာ၊ တစ်လလျှင် ပိဿာ ၁၅၁၂၀၊ တစ်နှစ်လျှင် ပိဿာ ၁၈၁၄၄၀ ကြိတ်ခွဲထုတ်လုပ်နိုင်မည်ဖြစ်ကြောင်း၊ ကုန်ကြမ်းဝယ်ယူရရှိရေးအတွက် တစ်နှစ်လျှင် မြေပဲစိုက်ဧက ၃၅၁၂ ဒသမ ၀၆ ဧကကို အကျိုးပြုပေးမည်ဖြစ်ကြောင်း၊ စက်ရုံအတွက် လိုအပ်သည့် ဆီထွက်သီးနှံကုန်ကြမ်းများကို ဒေသ တွင်း တောင်သူများထံမှ ဝယ်ယူနိုင်ရေး စီစဉ် ဆောင်ရွက်ရန်နှင့် စက်ရုံရေရှည်လည်ပတ်နိုင်ရေး ဝိုင်းဝန်းထိန်းသိမ်းကြရန် တိုက်တွန်းမှာကြားသည်။ ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌက နေပြည်တော်ကောင်စီနယ်မြေအတွင်း ဆီထွက် သီးနှံ စိုက်ပျိုးရေးလုပ်ငန်းများ၊ ပြည်တွင်းစာသုံးဆီ ဖူလုံရေးအတွက် ဆီကြိတ်ခွဲစက်များ ထူထောင်ရေး လုပ်ငန်းများကို ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ သားတင်ဦး အထွေထွေစီးပွားရေး လုပ်ငန်းသမဝါယမအသင်းဥက္ကဋ္ဌက စက်ရုံ တည်ဆောက်ခဲ့မှုမှတ်တမ်းများ၊ ကြိတ်ခွဲလည်ပတ်မည့် အခြေအနေများကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ ပေါင်းစပ် ဖြည့်ဆည်းဆောင်ရွက်ပေးပြီး စက်ရုံအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးသည်။ 

ထိုမှတစ်ဆင့် ပုဗ္ဗသီရိမြို့နယ်အထွေထွေအုပ်ချုပ် ရေးဦးစီးဌာနရုံးတွင် ကျင်းပသော အသေးစားစက်မှု လက်မှုလုပ်ငန်းဦးစီးဌာန၏ အသေးစားကုန်ထုတ် လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေ မိသားစုဝင်ငွေတိုးရေး စီမံကိန်းဖြင့် ဖွင့်လှစ်ခဲ့သည့် သီးနှံအခြေခံ တန်ဖိုးမြင့်စားသောက်ကုန် ထုတ်လုပ်မှု နည်းပညာသင်တန်း၊ ဝါးအခြေခံလက်မှုထည်သင်တန်း၊ သစ်အခြေခံ ပရိဘောဂသင်တန်းနှင့် ရေခဲမုန့်အမျိုးမျိုးထုတ်လုပ်မှု နည်းပညာသင်တန်းဆင်းပွဲများသို့ တက်ရောက်၍ ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးက ဇေယျာသီရိမြို့နယ် ဝန်ပြန်ကျေးရွာမှ သီးနှံအခြေခံ တန်ဖိုးမြင့်စားသောက်ကုန် ထုတ်လုပ်မှုနည်းပညာသင်တန်း တွင် ထူးချွန်သူ ငါးဦးကိုလည်းကောင်း၊ နေပြည်တော် ကောင်စီဥက္ကဋ္ဌက ပုဗ္ဗသီရိမြို့နယ် ရွာသစ်ကျေးရွာမှ သီးနှံအခြေခံ တန်ဖိုးမြင့်စားသောက်ကုန် ထုတ်လုပ်မှု နည်းပညာသင်တန်းတွင် ထူးချွန်သူ ငါးဦးကိုလည်းကောင်း လုပ်ငန်းသုံးစက်ပစ္စည်းများ ပေးအပ်သည်။

ထို့နောက် ဒုတိယဝန်ကြီး၊ နေပြည်တော်ကောင်စီ အဖွဲ့ဝင်ဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်နှင့် ညွှန်ကြားရေးမှူးချုပ်များက သင်တန်းအလိုက် ထူးချွန်သူ ငါးဦးတို့ကို လုပ်ငန်းသုံးပစ္စည်းများနှင့် သင်တန်းဆင်း အောင်လက်မှတ်များ ပေးအပ်ချီးမြှင့် ခဲ့ကြရာ သင်တန်းသား သင်တန်းသူများကိုယ်စား သင်တန်းသူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည် ပြောကြားခဲ့ကြောင်း သိရသည်။ 


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Pages