ပင်းတယမြို့တွင် (၁၀၄) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များ ဖြန့်ဝေ - MyanmarNationalPost

.com/img/a/

News Agency

Breaking

  
demo-image

ပင်းတယမြို့တွင် (၁၀၄) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များ ဖြန့်ဝေ

 

DSC02499


ပင်းတယ ၊ နိုဝင်ဘာ ၂၁

၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ (၂၅) ရက်နေ့၌ ကျရောက်မည့် (၁၀၄) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်အဖြစ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ထုတ်ဝေသည့် သတင်းစကားလက်ကမ်းစာစောင်အား ရှမ်းပြည်နယ်တောင်ပိုင်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဆင့်ရုံး (ပင်းတယ) မှ ယနေ့နံနက်ပိုင်းက အ-ထ-က (ကြိုသက်) ပင်းတယနှင့် အ-ထ-က ရွှေပုထိုး (တောင်) ကျောင်းတို့၌ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

လက်ကမ်းစာစောင်တွင် (၁၀၄) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ဦးတည်ချက်များ၊ ဗိုလ်ချုပ်အောင်ဆန်း၏ ၁၉၄၆ ခုနှစ်၊ ဇန်နဝါရီလ ၂၀ ရက်နေ့တွင် ပြောကြားသော အလယ်ပစ္စယံညီလာခံမိန့်ခွန်းမှ ကောက်နုတ်ချက်များ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ၇-၁၂-၂၀၂၃ ရက်နေ့တွင် (၁၀၃) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်အခမ်းအနားသို့ ပေးပို့သည့်သဝဏ်လွှာမှ ကောက်နုတ်ချက်များ၊ မွေးရာပါ အမျိုးသားရေးတာဝန်၊ အမျိုးသားရေးစိတ်ဓာတ်အားမာန်၊ ဗြိတိသျှတို့ ပြဋ္ဌာန်းသော ကျွန်ပညာရေးဥပဒေစသည့်အကြောင်းအရာများနှင့် ဆောင်ပုဒ်၊ကဗျာ၊ ကာတွန်းတို့ ဖော်ပြပါရှိကြောင်း သိရသည်။


အောင်ကိုဦး(ပင်းတယ)

https://t.me/MyanmarNationalPost


No comments:

Post a Comment

Donate and Support

Pages