မှော်ဘီ ၊ နိုဝင်ဘာ ၂၂
ရန်ကုန်တိုင်းဒေသကြီး၊မှော်ဘီမြို့နယ်၊သစ်တောဦးစီးဌာနမှကြီးမှူး၍ အခြေခံပညာဦးစီးဌာနနှင့်ပူး ပေါင်းပြုလုပ်သော ရာသီဥတုပြောင်းလဲမှု၊သဘာဝ ဘေးအန္တရာယ်နှင့်မီးခိုးမြူငွေ့လျော့ချရေးဆိုင်ရာ မြို့နယ်အဆင့် အသိပညာပေးဟောပြောပွဲကို ယမန်နေ့ နံနက် ၁၀နာရီကအမှတ်(၁)အခြေခံပညာအထက် တန်းကျောင်း၊ ပညာရတနာခန်းမ၌ ပြုလုပ်သည်။
အခမ်းအနားတွင် မြို့နယ်သစ်တောဦးစီးအရာရှိ ဦးသန့်စင်ကျော်ကမီးခိုးမြူငွေ့နှင့်လေထုညစ်ညမ်းမှု ဖြစ်ပေါ်ရသည့်အကြောင်းအရင်းများ၊ဆိုးကျိုးများနှင့်ဖြစ်ပေါ်လာစေနိုင်သောရောဂါများ၊လူသားများ နှင့်ပတ်ဝန်းကျင်အပေါ်အကျိုးသက်ရောက်မှုနှင့်ရာသီဥတုပြောင်းလဲမှု လျော့နည်းစေရေး၊သဘာဝ ဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးဆိုင်ရာသိ ကောင်းစရာများကိုဆွေးနွေးဟောပြောခဲ့ပြီး ကျောင်းသား၊ကျောင်းသူများကသိရှိလိုသည့်မေး မြန်းချက်များအပေါ်ပြန်လည်ဖြေကြားဆွေးနွေးခဲ့ကြသည်။
အဆိုပါ အသိပညာပေးဟောပြောပွဲသို့ မြို့နယ်သစ် တောဦးစီးအရာရှိနှင့်ဝန်ထမ်းများ၊အ.ထ.က(၁) ကျောင်းမှ ကျောင်းအုပ်ကြီးနှင့်ဆရာ၊ဆရာမများ၊ ကျောင်းသား၊ကျောင်းသူစုစုပေါင်း(၁၃၀)ဦး တက်ရောက်ခဲ့ ကြောင်းသိရသည်။
ဝင်းဇော်
https://t.me/MyanmarNationalPost
No comments:
Post a Comment