၂၀၂၄ ခုနှစ် လန်ချန်း-မဲခေါင် ခရီးသွားမြို့များ ပူးပေါင်းဆောင်ရွက်ရေး မဟာမိတ်ဆွေးနွေးပွဲသို့ ကောင်စစ်ဝန်ချုပ် တက်ရောက် - MyanmarNationalPost

.com/img/a/

News Agency

Breaking

demo-image

၂၀၂၄ ခုနှစ် လန်ချန်း-မဲခေါင် ခရီးသွားမြို့များ ပူးပေါင်းဆောင်ရွက်ရေး မဟာမိတ်ဆွေးနွေးပွဲသို့ ကောင်စစ်ဝန်ချုပ် တက်ရောက်

009

010

011

ချုံချင့်၊ နိုဝင်ဘာ ၂၄

မြန်မာကောင်စစ်ဝန်ချုပ်ရုံး၊ ချုံချင့်မြို့မှ ကောင်စစ်ဝန်ချုပ် ဦးကျော်ဇေယျာလင်းသည် ၂၇-၁၁-၂၀၂၄ ရက်၊ နံနက် ၁၀:၀၀ နာရီတွင် ချုံချင့်မြို့၊ Jinyuan ဟိုတယ်၌ တရုတ်နိုင်ငံ၊ ယဉ်ကျေးမှုနှင့် ခရီးသွားလာရေးဝန်ကြီးဌာနနှင့် ချုံချင့်မြူနီစီပယ်အစိုးရ ယဉ်ကျေးမှုနှင့် ခရီးသွားဖွံ့ဖြိုးတိုးတက်ရေးကော်မရှင်မှ ဦးစီးကျင်းပပြုလုပ်သည့် ၂၀၂၄ ခုနှစ် လန်ချန်း-မဲခေါင် ခရီးသွားမြို့များ ပူးပေါင်းဆောင်ရွက်ရေး မဟာမိတ်ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သည်။ 

အဆိုပါဆွေးနွေးပွဲသို့ တရုတ်နိုင်ငံ၊ ယဉ်ကျေးမှုနှင့် ခရီးသွားလာရေးဝန်ကြီးဌာနနှင့် ချုံချင့် မြူနီစီပယ်အစိုးရ ယဉ်ကျေးမှုနှင့် ခရီးသွားဖွံ့ဖြိုးတိုးတက်ရေးကော်မရှင်တို့မှ တာဝန်ရှိသူများ၊ မဲခေါင်နိုင်ငံများ၏ ဟိုတယ်နှင့်ခရီးသွားဝန်ကြီးဌာနများမှ ကိုယ်စားလှယ်များ၊ ချုံချင့်မြို့နှင့် ချန်သူးမြို့အခြေစိုက် မဲခေါင်နိုင်ငံများ၏ ကောင်စစ်ဝန်ချုပ်ရုံးများမှ ကောင်စစ်ဝန်ချုပ်များနှင့် နိုင်ငံတကာမှ ခရီးသွားလုပ်ငန်းဆိုင်ရာ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။ 

ဆွေးနွေးပွဲအား “Lancang-Mekong Water, Long Origin” ဆောင်ပုဒ်ဖြင့်ကျင်းပခဲ့ပြီး တက်ရောက်လာသည့် ကိုယ်စားလှယ်များမှ လန်ချန်း-မဲခေါင်နိုင်ငံများအကြား ခရီးသွားလုပ်ငန်း ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုနက်ရှိုင်းစွာဆောင်ရွက်ကာ နိုင်ငံဖြတ်ကျော်ခရီးသွားအရင်းအမြစ်များ မျှဝေခြင်းနှင့် ပေါင်းစည်းဆောင်ရွက်ခြင်း လုပ်ငန်းစဉ်များအား ဆွေးနွေးခဲ့ကြကြောင်း သိရသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Pages