မှော်ဘီ ၊ နိုဝင်ဘာ ၂၄
ရန်ကုန်တိုင်းဒေသကြီး မှော်ဘီခရိုင်မှော်ဘီမြို့နယ် မော်ပီဆရာသိန်း စာကြည့်တိုက်(၁၁) နှစ်ပြည့်အထိမ်းအမှတ်အခမ်းအနားကို ယနေ့နံနက် ၉ နာရီ အ ချိန်က မှော်ဘီမြို့၊ပြည်လမ်း၊အမှတ်(၄)ရပ်ကွက်၊မော်ပီဆရာသိန်းစာကြည့်တိုက်၌ ကျင်းပခဲ့သည်။
အခမ်းအနားတွင် မှော်ဘီမြို့နယ် စာရေးဆရာအသင်းဥက္ကဌ စာကြည့်တိုက်နာယက စာရေးဆရာ မောင်ချိုဝေ ကမော်ပီ ဆရာသိန်းစာကြည့်တိုက်ဖြစ်ပေါ် လာပုံအကြောင်းနှုတ်ခွန်းဆက်အမှာ စ ကားပြောကြားခြင်း၊စာရေးဆရာမောင်သာ (ရှေးဟောင်းသုတေသန)၊စာရေးဆ ရာပုသိမ်အောင်သန်းဦး၊စာရေးဆရာချစ်မုန်းငြိမ်း၊စာရေးဆရာမ မနွယ် (ကလော)၊စာရေးဆရာငွေစိုး(ရွှေကြက်မြေ)၊မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်- ၂ ဦးဝင်းစိုးတို့မှ မုဒိတာစကားများပြောကြားခဲ့သည်။
ဆက်လက်၍ဂုဏ်ပြုဆုချိီးမြှှင့်ပွဲကျင်းပခဲ့ရာ မှော်ဘီမြို့နယ်မှ စာပေဗိမာန်စာမူဆု"လယ်တောထဲက ကြေးစည်သံ" က ဗျာပေါင်းချုပ်ဖြင့်(တတိယ)ရရှိခဲ့သောဆရာမောင်ချိုဝေ အားမြို့နယ်စာရေး
ဆရာအသင်းမှ ထပ်ဆင့်ဂုဏ်ပြုဆုများချီးမြှှင့်ကာ မော်ပီဆရာသိန်းစာကြည့်တိုက်(၁၁)နှစ်ပြည့်အထိမ်းအမှတ်ဝတ္ထုတိုပြိုင်ပွဲ၌ဆုရရှိသော စာရေးဆရာဆရာထွန်းနိုင်၊ဆရာမခင်လေးစိန်(ဘိုက
လေး)၊ဆရာမမဏိမဉ္ဇူ၊ဆရာမင်းအဂ္ဂ(ဆင်တဲဝ)၊ဆရာသန်းဝင်းထွန်း၊နှင့်အ ထူးဆုရ ဆရာကျော်ဌေးအောင်၊ဆရာမောင်ငြိမ်းမွန်(ချောင်းဦး)တို့နှင့်မှော်ဘီမြို့အထက ေကျာင်းများမှ မြန်မာစာဂုဏ်ထူးရှင်(၇)ဦး၊ဘောဂဗေဒဂုဏ်ထူးရှင် (၁)ဦး၊စာငှားအများဆုံးဆု၊စာကြည့်တိုက်ထိန်းသိမ်းစောက်ရှောက်မှု၊ပန်းအလှစိုက်ပျိုးမှုဆု စသောဂုဏ်ပြုဆုများချီးမြှှင့်ခဲ့ကြောင်းသိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment