ကျွန်းလှ ၊ နိုဝင်ဘာ ၂၄
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် “ဟိန်း” ကိုယ်ပိုင်အထက်တန်းကျောင်းတို့ ပူးပေါင်းပြီး လူငယ်စကားဝိုင်းဆွေးနွေးပွဲကို အဆိုပါကျောင်းခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ ဒုတိယမြို့နယ်ပညာရေးမှူးဦးစိုးထွန်းနိုင်က အမှာစကားပြောကြားပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးမှူးဦးဖိုးချိုက ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်လူရွယ်များဖြစ်စေရန်၊ စာပေဖတ်ရှုသည့် အလေ့အကျင့်ရှိစေရန်၊ အချင်းချင်းရင်းနှီးမှုရှိပြီး ရှေ့ထွက်ပြောဆိုတတ်စေရန် ရည်ရွယ်၍ လူငယ်စကားဝိုင်းဆွေးနွေးပွဲ ကျင်းပရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။
လူငယ်စကားဝိုင်းဆွေးနွေးပွဲတွင် ကျွန်းလှမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးမှူးဦးဖိုးချိုက ဦးဆောင်ဆွေးနွေးသူအဖြစ်ဆောင်ရွက်ပြီး ကျောင်းသား၊ ကျောင်းသူများက လူငယ်နှင့်ဘဝနေထိုင်မှု၊ လူငယ်နှင့်စည်းကမ်း၊ လူငယ်နှင့်ခေါင်းဆောင်မှု၊ လူငယ်နှင့်ဘာသာတရားကိုင်းရှိုင်းမှု၊ လူငယ်နှင့်ကိုယ်ချင်းစာစိတ် ခေါင်းစဉ်အသီးသီးဖြင့် ဆွေးနွေးကြရာ တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူမျး၏ မေးမြန်းချက်များကို ပြန်လည်ရှင်းလင်းဖြေကြားကြသည်။
အဆိုပါ လူငယ်စကားဝိုင်းဆွေးနွေးပွဲသို့ ကျောင်းအုပ်ဆရာကြီးနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူစုစုပေါင်း ၁၅၀ ဦး တက်ရောက်ကြပြီး ခင်းကျင်းပြသထားသည့် သုတရသစာအုပ်စာစောင်များ၊ နံရံကပ်စာစောင်နှင့်ဓာတ်ပုံများ စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာမှတ်သားကြကြောင်း သိရသည်။
မျိုးဝင်းညို ကျွန်းလှ
https://t.me/MyanmarNationalPost
No comments:
Post a Comment