ရွှေတောင် ၊ နိုဝင်ဘာ-၂၂
မျိုးဆက်သစ် ကျောင်းသားကျောင်းသူလူငယ်များ စာဖတ်ရှိန်မြှင့်တင်ရေးနှင့် ဗလငါးတန်နှင့်ပြည့်စုံစေရန် ရည်ရွယ်၍ ပဲခူးတိုင်းဒေသကြီး၊ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်းကို အထက- ညောင်စာရေးကျောင်း ခန်းမ၌ နိုဝင်ဘာလ ၂၁ရက်နေ့၊ နေ့လယ်ပိုင်းက ကျင်းပခဲ့သည်။
အခမ်းအနားတွင် အထက ညောင်စာရေးကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဦးသန့်ဇင်က အဖွင့်အမှာစကားပြောကြားခဲ့သည်။ ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ငြိမ်းငြိမ်းသန့်က လူငယ်များ ဗလငါးတန် နှင့် ဘက်စုံဖွံ့ဖြိုးတိုးတက် စေရန် ၊စဉ်းစား တွေးခေါ်မှုများ မြင့်မားလာ စေရန်နှင့် အချင်းချင်းပူး ပေါင်း ဆောင်ရွက်တတ်သည့် အလေ့ အကျင့် ကောင်းများ ရရှိစေရန် ရည်ရွယ်၍ လူငယ်စကားဝိုင်းများကျင်းပရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ကျင်းပရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ငြိမ်းငြိမ်းသန့်က ဦးဆောင် ဆွေးနွေးသူ အဖြစ်ဆောင်ရွက်ခဲ့ပြီး အထက ညောင်စာရေးကျောင်းမှ ကျောင်းသားကျောင်းသူများဖြစ်သောမောင် ကျော်ဇင်ဖြိုးကက လူငယ်နှင့် ယဉ် ကျေးမှု၊ မောင်ဝေဇင်မင်းခန့်က လူငယ်နှင့် နည်းပညာ၊ မနှင်းနှင်းဝေက လူငယ်နှင့်အားကစား၊ မ ကေသီမြင့်က လူငယ်နှင့် ကိုယ်ကျင့်တရား စသည့်ခေါင်းစဉ်များဖြင့် အသီးသီးဆွေးနွေးကြရာ တက်ရောက်လာသူကျောင်းသား၊ကျောင်းသူများက ကဏ္ဍအလိုက် သိရှိလိုသည်များအားမေးမြန်းကြရာ ဦးဆောင်ဆွေးနွေးသူများကပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြသည်။
ထို့နောက် သက်ဆိုင်ရာ ခေါင်းစဉ်အလိုက် ဆွေးနွေးသူများအား အမှတ်တရလက်ဆောင်များ ပေးအပ်ပြီးပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ခင်းကျင်းပြသထားသော နံရံကပ် စာစောင်၊ ဓာတ်ပုံပြပွဲနှင့်စာအုပ်ပြပွဲများကို တက်ရောက် လာကြသောကျောင်းသား၊ကျောင်းသူများက စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနကထုတ်ဝေသည့် (၁၀၄)နှစ်မြောက်၊အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ ကြောင်းသိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment