ပေါင်မြို့နယ်၊ ကော့ထော်ကျေးရွာ စာကြည့်တိုက်အဆောက်အအုံသစ် ပန္နက်တင်မင်္ဂလာအခမ်းအနားကျင်းပ - MyanmarNationalPost

.com/img/a/

News Agency

Breaking

  
demo-image

ပေါင်မြို့နယ်၊ ကော့ထော်ကျေးရွာ စာကြည့်တိုက်အဆောက်အအုံသစ် ပန္နက်တင်မင်္ဂလာအခမ်းအနားကျင်းပ

013-02

014

015

020

ပေါင်၊ နိုဝင်ဘာ ၂၁

မွန်ပြည်နယ်၊ပေါင်မြို့နယ် ကော့ထော်ကျေးရွာစာကြည့်တိုက် အဆောက်အအုံသစ် ဆောက်လုပ်ရန် ပန္နက်တင်မင်္ဂလာအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်း က အဆိုပါစာကြည့်တိုက်မြေနေရာ၌ ကျင်းပရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဦးကျော်လင်းဦးနှင့် ဌာနဆိုင်ရာများ ၊သက်ဆိုင်ရာ တာဝန်ရှိသူများက သတ်မှတ်နေရာ အသီးသီးတွင် ပန္နက်တင်ပေးပြီး အမွှေး နံ့သာရည်များ ပက်ဖျန်းပေးသည်။

ထို့နောက် ကျေးရွာအစည်းအဝေးခန်းမတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဦးကျော်လင်းဦး က စာကြည့်တိုက် ဆောက်လုပ်ရေးလုပ်ငန်းဆောင်ရွက်မည့် စာကြည့်တိုက်ကော်မတီမှ တာဝန်ရှိသူ များနှင့်တွေ့ဆုံ၍ အရည်အသွေးပြည့်မီအောင် ဆောက်လုပ်နိုင်ရေး၊ အများပြည်သူ စိတ်ချမ်းမြေ့စွာစာပေဖတ်ရှုနိုင်ရေး၊သတ်မှတ်ထားသည့်ငွေကြေးအတိုင်းအတာထက်ပိုမိုကောင်းမွန်အောင်ဆောင်ရွက်နိုင်ရေးတို့အတွက် ဒေသခံနှင့်ပြင်ပမှစေတနာရှင် အလှူရှင်များ၏ လုပ်အား၊ ငွေအား လှူဒါန်းမှုတို့ရရှိခြင်းအားဖြင့် အဆောက်အအုံအပြင် စာကြည့်တိုက်ဆိုင်ရာ စံသတ်မှတ်ချက်များနှင့်ပြည့်စုံ၍ ဒေသခံပြည်သူများအား အကျိုးပြုနိုင်ရေးတို့နှင့်ပတ်သက်၍ ဆွေးနွေးမှာကြားသည်။ 

အဆိုပါစာကြည့်တိုက်အဆောက်အအုံကို မွန်ပြည်နယ်အစိုးရအဖွဲ့၏ လှူဒါန်း ရရှိငွေကျပ် သိန်း ၁၅၀ နှင့်ဒေသခံ ပြည်သူများ၏ စုပေါင်းလှူဒါန်းငွေတို့ဖြင့် အလျား ပေ ၂၀၊ အနံ ၁၉ ပေ ရှိ RC တစ်ထပ် အဆောက်အအုံနှင့်စာကြည့်တိုက်သုံး ပရိဘောဂနှင့် စာအုပ် စာစောင်များဖြည့်ဆည်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။


မွန်မလေး 

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Pages