ဟင်္သာတ ၊ နိုဝင်ဘာ ၂၅
ဧရာဝတီတိုင်းဒေသကြီး၊ ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူး ဒေါက်တာသီဟနှင့် တာဝန်ရှိသူများသည် ယမန်နေ့ နေလယ်ပိုင်းက ဟင်္သာတခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနရုံး အစည်းဝေးခန်းမတွင် ခရိုင်၊ မြို့နယ်အတွင်းရှိ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့်တွေ့ဆုံပြီး လုပ်ငန်းများ ပိုမိုတိုးတက်အကောင်အထည်ဖော်နိုင်ဆောင်ရွက်နိုင်ရေးနှင့် ကာကွယ်ဆေးထိုးလွှမ်းခြုံမှုများ ရာခိုင်နှုန်းပြည့်မီစေရန်၊ ကာကွယ်ဆေးဖြင့်ကာကွယ်၍ရသော ကူးစက်ရောဂါများဖြစ်ပွားမှုကို အမြဲမပြတ် စောင့်ကြပ်ကြည့်ရှု၍ သက်ဆိုင်ရာဌာနများနှင့် ချိတ်ဆက်ဆောင်ရွက်ရန်တို့ကို မှာကြားခဲ့ပါသည်။
အဆိုပါနေ့ နံနက်ပိုင်းတွင် ဟင်္သာတခရိုင် ပြည်သူ့ဆေးရုံကြီး၌ ဝန်ထမ်းများနှင့်တွေ့ဆုံခဲ့ပြီး လူနာဆောင်များကို လှည့်လည်ကြည့်ရှုကာ လိုအပ်သည်များကို မှာကြားလမ်းညွှန်ခဲ့ကြောင်း သိရပါသည်။
ဟင်္သာတခရိုင်
https://t.me/MyanmarNationalPost
No comments:
Post a Comment