နေပြည်တော်၊ နိုဝင်ဘာ ၂၂
အလုပ်သမားရေးရာ အငြင်းပွားမှုဖြေရှင်းရေးဆိုင်ရာ နှီးနှောဖလှယ်ပွဲကို ယမန်နေ့က မန္တလေးတိုင်းဒေသကြီး ချမ်းအေးသာစံမြို့နယ်ရှိ မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီရုံး မြို့တော်ခန်းမ၌ ကျင်းပသည်။
အခမ်းအနားသို့ အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင်၊ တိုင်းဒေသကြီးဝန်ကြီးများ၊ တာဝန်ရှိသူများ၊ ခုံသမာဓိကောင်စီဝင်များ၊ အထက် မြန်မာပြည် ခုံသမာဓိအဖွဲ့ဝင်များ၊ မြို့နယ်ညှိနှိုင်းဖျန်ဖြေရေးအဖွဲ့ဝင်များနှင့် ဌာန ဆိုင်ရာတာဝန်ရှိသူများ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) နှင့် မန္တလေးတိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း (MRCCI) တို့မှ ကိုယ်စားလှယ်များ တက်ရောက်ကြသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးက အလုပ်ရှင်၊ အလုပ်သမားအကြား အငြင်းပွားမှုကို ပြေလည်စွာ ဖြေရှင်းနိုင်ရန်နှင့် လုပ်ငန်းခွင်ဆက်ဆံရေး ကောင်းမွန်လာစေရန် လုပ်ငန်းခွင်အတွင်း၌ အလုပ်ရှင်၊ အလုပ်သမားကနဦးဆွေးနွေးညှိနှိုင်းနိုင်ရေး အလုပ်ရှင်၊ အလုပ်သမားကိုယ်စားလှယ်များပါဝင်သည့် အလုပ်သမားရေးရာ လုပ်ငန်းညှိနှိုင်းရေးကော်မတီ (WCC) ကို အလုပ်သမား ၃၀ နှင့် အထက်ရှိသော စက်ရုံ၊ အလုပ်ရုံများတွင် ဖွဲ့စည်းပေးထားကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ တာဝန်ယူဆောင်ရွက်နေသည့်ကာလအတွင်း နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးပြုပြင်ပြောင်းလဲမှု များကို အဆင့် အလိုက် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ စက်မှုလုပ်ငန်းများကို အားပေး ဆောင်ရွက်၍ ပို့ကုန်ကဏ္ဍမြှင့်တင်ရေးဆောင်ရွက်လျက်ရှိပြီး ပြည်တွင်း/ ပြည်ပမှ ရင်းနှီးမြှုပ်နှံမှုများ ဖိတ်ခေါ်လျက်ရှိကြောင်း၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်လာခြင်းဖြင့် အလုပ်အကိုင် အခွင့်အလမ်းများ ပေါများလာမည်ဖြစ်သကဲ့သို့ နိုင်ငံတော်၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုနှင့် အလုပ်သမားများ၏ လူမှုဘဝတိုးတက်ရေးတွင် တစ်ဖက်တစ်လမ်းက အထောက်အကူပြုလာမည် ဖြစ်ကြောင်း၊ အငြင်းပွားမှုဖြေရှင်းရေး ယန္တရားတွင်ပါဝင်သည့် သက်ဆိုင်ရာ ကိုယ်စားလှယ်များအနေဖြင့် အလုပ်ရှင်၊ အလုပ်သမားများ၏ ရပိုင်ခွင့်များကို ဘက်လိုက်မှုမရှိဘဲ သမာသမတ်ကျစွာ ဖြေရှင်းဆောင်ရွက်ရန်လိုအပ်ပြီး အဖွဲ့အစည်းအစွဲမထားဘဲ အလုပ်ရှင်၊ အလုပ် သမားနှစ်ဖက်၏အကျိုးကို ကြည့်ရှုဆောင်ရွက်ရန် တိုက်တွန်းပြောကြားသည်။
ထို့နောက်ကျွမ်းကျင်မှုလေ့ကျင့်ရေးသင်တန်းကျောင်း (မန္တလေး) သို့ ရောက်ရှိပြီး သင်တန်းကျောင်းရှိ စာသင်ဆောင်ခန်းမမျက်နှာကြက်တပ်ဆင်ခြင်း၊ တိုးချဲ့ဆောင် ဆောက်လုပ်ခြင်းလုပ်ငန်းများနှင့် လေအေးပေးစက်တပ်ဆင်/ ပြုပြင်ခြင်းသင်တန်း (၂/၂၀၂၄) ဖွင့်လှစ်ပို့ချနေမှုကို ကြည့်ရှုအားပေးပြီး သင်တန်းသုံးပစ္စည်းများနှင့် လေ့ကျင့်ရေးနည်းပြများ၏ အရည်အသွေးအာမခံချက်ရှိရန် လိုအပ်ပါကြောင်း၊ လေ့ကျင့်ရေးနည်းပြများအနေဖြင့် လုပ်ငန်းခွင်၏ တိုးတက်ပြောင်းလဲ နေသောအခြေအနေများကို လေ့လာသုံးသပ်ပြီး သင်တန်းများတွင် ထည့်သွင်း သင်ကြားနိုင်ရေး ဆောင်ရွက်ကြရန် မှာကြားခဲ့ကြောင်း သိရသည်။
Join - https://t.me/MyanmarNationalPost
No comments:
Post a Comment