ဇလွန် ၊ နိုဝင်ဘာ ၂၃
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်အတွင်းရှိ ဈေးများတွင် ပွင့်လင်းရာသီ၌ မီးလောင်မှု၊ မီးလန့်မှုများ မဖြစ်ပွားစေရေးအတွက် ဇလွန်မြို့မစျေးသစ်တွင် လက်တွေ့မီးငြှိမ်းသတ်နည်း သရုပ်ပြလေ့ကျင်းခြင်းကို ယနေ့နံနက် ၁၀ နာရီတွင် ဆောင်ရွက်ခဲ့သည်။
ဇလွန်မြို့မစျေးသစ်တွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး မီးငြှိမ်းသတ်နည်း သရုပ်ပြဇာတ်တိုက်လေ့ကျင့်ရာတွင် မြို့နယ်မီးသတ်ဦးစီးဌာန ဦးစီးအရာရှိ ဦးရန်လင်းထွဋ် ဦးဆောင်သော မီးသတ်တပ်ဖွဲဝင်များက ဆီမီးလောင်မှု မီးငြှိမ်းသတ်နည်းနှင့် မီးငြှိမ်းသတ်ယာဥ်ဖြင့် မီးငြှိမ်းသတ်မှုတို့အား လက်တွေ့သရုပ်ပြဇာတ်တိုက်ဆောင်ရွက်ခဲ့သည်။
အဆိုပါ သရုပ်ပြဇာတ်တိုက်လေ့ကျင့်နေမှုကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းထွန်းလင်းနှင့်အဖွဲ့ဝင်များ၊ မြိုနယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးသန်းထွန်းအောင်နှင့်ဝန်ထမ်းများ၊ စျေးသူစျေးသားများ ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
ဝေယံ - ဇလွန်
https://t.me/MyanmarNationalPost
No comments:
Post a Comment