ကချင်ပြည်နယ်ဝန်ကြီးချုပ် ပဉ္စမအကြိမ်အမျိုးသားအားကစားပွဲတော်သို့ ဝင်ရောက်ယှဉ်ပြိုင်ကြမည့် ကချင်ပြည်နယ်အားကစားအသင်းများအား အောင်နိုင်ရေးအလံပေးအပ်၊ အားကစားရုံ/ အားကစားကွင်းများအတွင်း စခန်းသွင်းကြိုတင်ပြင်ဆင်လေ့ကျင့်နေမှုများအား လိုက်လံကြည့်ရှုစစ်ဆေး - MyanmarNationalPost

.com/img/a/

News Agency

Breaking

  
demo-image

ကချင်ပြည်နယ်ဝန်ကြီးချုပ် ပဉ္စမအကြိမ်အမျိုးသားအားကစားပွဲတော်သို့ ဝင်ရောက်ယှဉ်ပြိုင်ကြမည့် ကချင်ပြည်နယ်အားကစားအသင်းများအား အောင်နိုင်ရေးအလံပေးအပ်၊ အားကစားရုံ/ အားကစားကွင်းများအတွင်း စခန်းသွင်းကြိုတင်ပြင်ဆင်လေ့ကျင့်နေမှုများအား လိုက်လံကြည့်ရှုစစ်ဆေး

 

%E1%81%83%E1%81%80%E1%81%87

မြစ်ကြီးနား  ၊ နိုဝင်ဘာ ၂၄


၂၀၂၄ ခုနှစ်၊ ပဉ္စမအကြိမ်အမျိုးသားအားကစားပွဲတော်ကို ဒီဇင်ဘာလအတွင်း နေပြည်တော်၌ ကျင်းပပြုလုပ်သွားမည်ဖြစ်ရာ ကချင်ပြည်နယ်အနေဖြင့် အားကစားနည်း(၂၃)နည်းအနက် (၂၁)နည်းတွင် ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ပြီး အဆိုပါအားကစားအသင်းများအား စေလွှတ်ယှဉ်ပြိုင်နိုင်ရေးအတွက် အောင်နိုင်ရေးအလံပေးအပ်ပွဲ အခမ်းအနားကို နိုဝင်ဘာ ၂၃ ရက် ညနေ ၃ နာရီက ပြည်သူ့အားကစားကွင်းအတွင်း မိုးလုံလေလုံအားကစားခန်းမ၌ ကျင်းပပြုလုပ်သည်။


ရှေးဦးစွာ အခမ်းအနားတက်ရောက်လာကြသည့် ပြည်နယ်ဝန်ကြီးချုပ်ဦးခက်ထိန်နန်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အားကစားနည်းများအလိုက် အုပ်ချုပ်သူ/နည်းပြများနှင့် အားကစားသမားများက ဂုဏ်ယူဝင့်ကြွား ကချင်ပြည်နယ်သား တေးသီချင်းကို ဂုဏ်ယူဝင့်ကြွားစွာ သီဆိုဂုဏ်ပြုကြသည်။


ထို့နောက် ပြည်နယ်အားကစားအသင်းများမှ အားကစားနည်းအလိုက် အုပ်ချုပ်သူ/ နည်းပြများနှင့် အားကစားသမားများက ဂါဝရပြုမိတ်ဆက်ခဲ့ကြပြီး ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးဦးအောင်သူက အားကစားအသင်းများအောင်နိုင်မှုရရှိရေး စခန်းသွင်းလေ့ကျင့်ပြင်ဆင်ခဲ့မှုအခြေအနေများ၊ နေပြည်တော်သို့ စေလွှတ်ယှဉ်ပြိုင်နိုင်ရေး အုပ်ချုပ်/ ထောက်ပံ့မှုဆိုင်ရာကိစ္စရပ်များ ဆောင်ရွက်ပေးထားမှုအခြေအနေများကို ရှင်းလင်းတင်ပြသည်။


ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်က ယနေ့ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်ကို သွား‌ရောက်ယှဉ်ပြိုင်ကြမည့် အားကစားအသင်းများအနေဖြင့် ပြည်နယ်ဂုဏ်ဆောင် အောင်မြင်မှုများကိုရရှိပြီး ကချင်မြေအိမ်အပြန်ခရီးတွင် ဂုဏ်ယူဝင့်ကြွားစွာ ပြန်လာနိုင်မည်ဟု ယုံကြည်ပါကြောင်း၊ ထို့အတူ အားကစားအသင်းများအား အောင်နိုင်ရေးအလံကို ပြည်နယ်သူ/ ပြည်နယ်သားများကိုယ်စား ဂုဏ်ယူစွာပေးအပ်နိုင်သည့်အတွက် များစွာဂုဏ်ယူဝမ်းမြောက်မိသည့်အပြင် အုပ်ချုပ်သူ/ နည်းပြများနှင့် အားကစားသမားများအနေဖြင့်လည်း ကိုယ်ကျိုးမဖက် ပြည်နယ်ချစ်စိတ်၊ အားကစားချစ်စိတ်ကို အရင်းခံပြီး ပြည်နယ်၏ အားကစားဂုဏ်ကို ပိုမိုမြင့်တက်စေပြီး ဂုဏ်ယူရသောသူများဖြစ် အောင်ကြိုးစားကြစေလိုကြောင်း တိုက်တွန်းမှာကြားသည်။


ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က အောင်နိုင်ရေးအလံအား ပြည်နယ်အားကစားအဖွဲ့ခေါင်းဆောင် ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးမိုးမင်းသိန်းနှင့် ပြည်နယ်ဦးစီးမှူးတို့ထံ လွှဲပြောင်းပေးအပ်ရာ အားကစားအသင်းများကိုယ်စား ဘောလီဘောအားကစားနည်းပြ ဦးဇော်ဝင်းထွန်းက ကျေးဇူးတင်စကားနှင့် အောင်နိုင်ရေးအတွက် ကတိပြုစကားပြန်လည်ပြောကြားသည်။


ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက အားကစားနည်းအလိုက် ပံ့ပိုးထောက်ပံ့ထားသည့် အသင်းလိုက် အားကစားဝတ်စုံများနှင့် အားကစားအထောက်အကူပြု ပစ္စည်းများ ခင်းကျင်းပြသထားရှိမှုကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြပြီး အားကစားသမားများနှင့် အုပ်ချုပ်သူ/ နည်းပြများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်အားပေးခဲ့ကြသည်။


ထို့အတူ ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ် အစိုးရအဖွဲ့ဝင်များသည် နိုဝင်ဘာ ၂၂ ရက် ညနေပိုင်းကလည်း မြစ်ကြီးနားမြို့ သီတာရပ်ကွက်အတွင်း ရှိ ငြိမ်းချမ်းသာယာအားကစားရပ်ဝန်းအတွင်း ပဉ္စမအကြိမ်အမျိုးသားအားကစားပွဲတော် ဝင်ရောက်ယှဉ်ပြိုင် အောင်မြင်မှုရရှိရေး အားကစားနည်းအလိုက် စခန်းသွင်းလေ့ကျင့်ပြင်ဆင်နေမှုများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။


ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ပြည်နယ်ဝန်ကြီးချုပ်သည် ငြိမ်းချမ်းသာယာရေကူးကန်၌ အမျိုးသားအားကစားပွဲတော်အတွက် ရေကူးအားကစားနည်းတွင် ဝင်ရောက်ယှဉ်ပြိုင်ကြမည့် လက်ရွေးစင်ရေကူးအားကစားသမားများအား နည်းပြများက စခန်းသွင်းလေ့ကျင့်နေမှု အခြေအနေများနှင့် သတ်မှတ်ရေကူးနည်းအလိုက် စံချိန်သစ်တင်နိုင်ခဲ့သည့် အခြေအနေများကို ကြည့်ရှုအားပေးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက နည်းပြနှင့် အားကစားသမားများအတွက် အားကစားဝတ်စုံများ၊ အထောက်အကူပြုပစ္စည်းများနှင့် ထောက်ပံ့ငွေများကို အသီးသီးပေးအပ်ခဲ့ကြသည်။


ထို့နောက် အဆိုပါဝင်းအတွင်း အားကစားသမား နားနေဆောင်(၃)ထပ် အဆောက်အအုံအတွင်း ဂျူဒိုအားကစားနည်းနှင့် ဝူရှုးအားကစားနည်းများအတွက် နည်းပြများက လူငယ်ကစားသမားများအား ပြိုင်ပွဲဝင်မည့်တိုက်ခိုက်မှု ပုံစံအတိုင်း စခန်းသွင်းလေ့ကျင့်ပြင်ဆင်နေမှုများကို လည်း ကောင်း၊ ငြိမ်းချမ်းသာယာ ဘက်စုံအားကစားဆောင် မြေညီထပ်၊ ကိုယ်ကာယလေ့ကျင့်ရေးခန်းမ၌ ပြည်နယ်အလေးမအသင်းမှ ပြိုင်ပွဲဝင် အလေးမအားကစားသမားများအား လေ့ကျင့်ရေးဆောင်ရွက်နေမှုများကို လည်းကောင်း၊ ကာယဗလနှင့်ကာယကြံ့ခိုင်မှုနည်းပြများက ပြိုင်ပွဲဝင်များအား လေ့ကျင့် ပြင်ဆင်ဆောင်ရွက်ပေးနေမှုများကို လည်းကောင်း၊ အမျိုးသားအသက် (၂၀)နှစ်အောက် ဘောလုံးအသင်းမှ ကစားသမားများအား ကိုယ်ခန္ဓာကြံ့ခိုင်စေရေး အဆင့်မြင့်စက်ကိရယာပစ္စည်းများဖြင့် လေ့ကျင့်နေမှုကိုလည်းကောင်း၊ ဒုတိယထပ်ရှိ ဘိလိယက်နှင့်စနူကာဆပ်ကော်မတီမှ ပြိုင်ပွဲဝင်များအား လေ့ကျင့်ပြင်ဆင်ဆောင်ရွက်နေမှုကိုလည်းကောင်း လှည့်လည်ကြည့်ရှုအားပေးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက အားကစားနည်းအလိုက်အားကစားဝတ်စုံများ၊အထောက် အကူပြုပစ္စည်းများနှင့် ထောက်ပံ့ငွေများကို ထောက်ပံ့ပေးအပ်ခဲ့ကြသည်။


ဆက်လက်၍ မိုးလုံလေလုံပိုက်ကျော်ခြင်းအားကစားရုံ၌ ပြည်နယ်လက်ရွေးစင် ပိုက်ကျော် ခြင်းကစားသမားများအား နည်းပြများက အနီးကပ်ကြီးကြပ်၍ စခန်းသွင်းလေ့ကျင့်ပြင်ဆင်ဆောင် ရွက်နေမှုများကို လည်းကောင်း၊ ငြိမ်းချမ်းသာယာ ဖူဆယ်အားကစားရုံ၌ ပြည်နယ်လက်ရွေးစင် အမျိုးသား/ အမျိုးသမီး ဖူဆယ်ဘောလုံးအသင်းများအား နည်းပြများက စခန်းသွင်းလေ့ကျင့်နေမှုများ ကို လည်းကောင်း လှည့်လည်ကြည့်ရှုအားပေးခဲ့ကြပြီး ဧရာရပ်ကွက် ပြည်နယ်ဘောလုံးကွင်း အတွင်း ပြည်နယ်လက်ရွေးစင် အမျိုးသမီးဘောလုံးအသင်းအား ခြေစမ်းပွဲကစားနေမှုကိုလည်းကောင်း ကြည့်ရှုအားပေးခဲ့ကြကာ အားကစားဝတ်စုံများ၊ အထောက်အကူပြုပစ္စည်းနှင့် ထောက်ပံ့ငွေများကို အသီးသီးထောက်ပံ့ပေးအပ်ခဲ့ကြကြောင်း သိရသည်။

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Pages