ဒေါ်စုရဲ့ ဟားဗက်လက်ဆောင်ကို ပြည်ပြေး ဝရမ်းပြေး အမေရိကန်ကို ထွက်ပြေးရောက်ရှိသွားတဲ့ အိမ့်ပိုးဥ (ခ) ပန်ဆယ်လို ခေါ် ဝရမ်းပြေး အမျိုးသမီး တစ်ယောက်က အကြမ်းဖက်လှုပ်ရှားမှုအတွက် လေလံတင်ရောင်းချလျက်ရှိရာ အကြမ်းဖက်လှုပ်ရှားမှုကို ထောက်ပံ့လိုသူတစ်ဦး က USD 5500 ပေးထားကြောင်း ဝရမ်းပြေး ပန်ဆယ်လို၏ ရေးသားဖော်ပြချက်အပေါ် နိုင်ငံရေး တက်ကြွလှုပ်ရှားသူတစ်ဦး က ဟားဗက်တက္ကသိုလ် က ဒေါ်စုကို လက်ဆောင်ပေးတာကို အကြမ်းဖက်လှုပ်ရှားမှုအတွက် လေလံတင်ရောင်းစားတယ်ဆိုတော့ ပြည်ဖျက်မိစ္ဆာတွေရဲ့ အောက်တန်းကျတဲ့ လုပ်ရပ်ကို ပေါ်လွင်စေပါတယ်။" ဟု ပြောသည်။
အမေရိကန်ကို မိသားစုသာမက တဆွေလုံး တမျိုးလုံး ထွက်ပြေးရောက်ရှိသွားပြီး အကြမ်းဖက်လှုပ်ရှားမှုအတွက် ခေါင်းစဉ်အမျိုးမျိုးဖြင့် အလှူငွေရှာခဲ့သည့် ပန်ဆယ်လို က "အမေစုရဲ့ ဟားဗက်လက်ဆောင်၊ ဟားဗက်ရဲ့ မြန်မာပြည်အတွက် လက်ဆောင် လေလံအစီအစဉ်လေး စတင်ပါရစေရှင်။ လေလံတင်မယ့် ပစ္စည်းလေးက အမေစု ဟားဗက်တက္ကသိုလ်ကို သွားခဲ့တုန်းက ဟားဗက်တက္ကသိုလ်ကို လက်ဆောင်ပေးခဲ့တဲ့ ရွှေချည်ထိုး ပန်းချီကားလေးပဲ ဖြစ်ပါတယ်။ အခု ဟားဗက်တက္ကသိုလ်ကြီးက မြန်မာပြည်ကို ပြန်လည်ကူညီချင်တဲ့ဆန္ဒနဲ့ အမေစုရဲ့လက်ဆောင်လေးကို ပြန်လည်ပေးအပ်ပြီး လိုအပ်သလို ဆောင်ရွက်စေတာ ဖြစ်ပါတယ်။ ဒီလို အမေစုရဲ့ ဟားဗက်အတွက်လက်ဆောင်၊ ဟားဗက်ရဲ့ မြန်မာပြည်အတွက် စေတနာဖြစ်တဲ့ ရွှေချည်ထိုးပန်းချီကားလေးကို လေလံကြမ်းခင်းဈေး USD 1000 နဲ့ စချင်ပါတယ်ရှင်။ လေလံပိတ်မယ့်ရက်ကတော့ December 1 ရက်နေ့ဖြစ်ပါတယ်။ လေလံပေးရမယ့်နေရာကတော့ ကျွန်မ ပန်ဆယ်လိုရဲ့ ချက်ဘောက်ဖြစ်ပါတယ်။ လေလံဈေးပေးမယ်ဆိုရင် ကျွန်မရဲ့ချက်ဘောက်ကို ကြွခဲ့ပါရှင်။" ဟု ဖိတ်ခေါ်ခဲ့ရာ ယနေ့ (၂၀-၁၁-၂၀၂၄) ရက်နေ့တွင် အမြင့်ဆုံး Update လေလံဈေးနှုန်း- USD 5500 ပေးထားသည် ဟု ကြေညာထားသည်။
ထိုသို့ လုပ်ဆောင်နေမှုနှင့် ပတ်သက်၍ လေ့လာသူ တစ်ဦး က "ဒီကောင်မလေး က ခေါင်းစဉ်အမျိုးမျိုး တပ်တယ်ဗျ။ ပိုက်ဆံကတော့ မရ ရအောင် ရှာတယ်။ သူတို့ လုပ်နေတဲ့ ဟာက တော်လှန်ရေး မဟုတ်ဘူး။ အကြမ်းဖက်လှုပ်ရှားမှု ဖြစ်တယ်။ အမေရိကန်ဥပဒေတွေအရ အကြမ်းဖက် လှုပ်ရှားမှုကို ဘယ်နိုင်ငံအတွက်မှ လှုပ်ရှားခွင့် ပေးမထားဘူး။ ပန်ဆယ်လိုတို့ အုပ်စုကိုတော့ CIA က အကာအကွယ်ပေးထားလို့ပဲလား။ ဒီလုပ်ရပ်တွေဟာ အမေရိကန် ဥပဒေအရ ရာဇဝတ်မှု မြောက်တဲ့ လုပ်ရပ်တွေ ဖြစ်တယ်။ ဟားဗက်တက္ကသိုလ် က ဒေါ်စုအတွက် လက်ဆောင်ပေးတာ၊ အကြမ်းဖက်လှုပ်ရှားမှုအတွက် လေလံတင်ရောင်းချပြီး အပြစ်မဲ့ ပြည်သူတွေကို လုပ်ကြံသတ်ဖြတ်ခိုင်းဖို့ ပေးတာတော့ မဟုတ်ဘူး။ ဒါကို အကြမ်းဖက်လှုပ်ရှားမှုအတွက် လေလံတင်ရောင်းစားတယ်ဆိုတော့ ပြည်ပြေး ဝရမ်းပြေး ပြည်ဖျက်မိစ္ဆာတွေရဲ့ လုပ်ရပ်ဟာ အောက်တန်းကျလွန်းတဲ့ လုပ်ရပ်" ဟု ပြောသည်။
Join - https://t.me/MyanmarNationalPost
No comments:
Post a Comment