လသာမြို့နယ်၌ (၁၀၄)နှစ်​မြောက် အမျိုးသား​​အောင်ပွဲ​နေ့အထိမ်းအမှတ် မြို့နယ်အဆင့် စာစီစာကုံး၊ ကဗျာ၊ ပန်းချီပြိုင်ပွဲများ ကျင်းပ - MyanmarNationalPost

.com/img/a/

News Agency

Breaking

  
demo-image

လသာမြို့နယ်၌ (၁၀၄)နှစ်​မြောက် အမျိုးသား​​အောင်ပွဲ​နေ့အထိမ်းအမှတ် မြို့နယ်အဆင့် စာစီစာကုံး၊ ကဗျာ၊ ပန်းချီပြိုင်ပွဲများ ကျင်းပ

 

303


လသာ ၊ နိုဝင်ဘာ ၂၄


ရန်ကုန်တိုင်း​ဒေသကြီး၊​ ကျောက်တံတားခရိုင်၊ လသာမြို့နယ်တွင် (၁၀၄)နှစ်​​မြောက် အမျိုးသားအောင်ပွဲ​နေ့အထိမ်းအမှတ် မြို့နယ်အဆင့် စာစီစာကုံး၊ ကဗျာ၊ ပန်းချီပြိုင်ပွဲများကို ယနေ့နံနက်(၉)နာရီက လသာမြို့နယ်အမှတ်(၂)အ​ခြေခံပညာအထက်တန်း​ကျောင်း မြညီလာခန်းမ၌ ကျင်းပပြုလုပ်သည်။

အဆိုပါပြိုင်ပွဲများတွင် တာဝန်ကျဆရာ၊ ဆရာမများကပြိုင်ပွဲစည်းကမ်းချက်များနှင့် အတန်းလိုက်ပြိုင်ပွဲ​​ခေါင်းစဥ်များကို ဦးစွာရှင်းလင်း​ပြောကြားခဲ့ပြီး ပြိုင်ပွဲများကိုဆက်လက်ယှဥ်ပြိုင်​စေခဲ့ရာ အထက်တန်းဆင့်စာစီစာကုံးကို “ပြည်ထောင်စုကြီးငြိမ်းချမ်းဖို့ တစ်မျိုးသားလုံးညီညွှတ်စို့”​ ခေါင်းစဥ်ဖြင့်လည်း​ကောင်း၊ အလယ်တန်းဆင့်စာစီစာကုံးကို “အမျိုးသား​အောင်ပွဲ​နေ့တို့မ​​မေ့” ခေါင်းစဥ်ဖြင့်လည်း​ကောင်း၊ အထက်တန်းဆင့်ကဗျာကို “အမျိုးသားဂုဏ်​ရောင်လတန်​ဆောင်”​ ခေါင်းစဥ်ဖြင့်လည်းကောင်း၊ အလယ်တန်းနှင့်မူလတန်းဆင့်ပန်းချီပြိုင်ပွဲကို “အမျိုးသား​​အောင်ပွဲ​နေ့ပုံရိပ်များ”​ခေါင်းစဥ်ဖြင့်လည်း​ကောင်း အသီးသီးယှဥ်ပြိုင်​ခဲ့ကြသည်။


အဆိုပါပြိုင်ပွဲများသို့ မြို့နယ်အတွင်းရှိ အ​ခြေခံပညာ​ကျောင်းများမှ အထက်တန်းဆင့်(၅၆)ဦး၊ အလယ်တန်းဆင့်(၅၄)ဦး၊ မူလတန်းဆင့်(၂၈)ဦး၊ စုစု​ပေါင်း(၁၃၈)ဦးဝင်​ရောက်ယှဥ်ပြိုင်ခဲ့ကြပြီး ဆုရရှိသည့် ​ကျောင်းသား၊​ ကျောင်သူများကို ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ(၂၅)ရက်​နေ့တွင် ကျင်းပမည့် (၁၀၄)နှစ်​မြောက်အမျိုးသား​အောင်ပွဲ​​​နေ့အခမ်းအနားတွင် ဂုဏ်ပြုဆုများ ​ပေးအပ်ချီးမြှင့်သွားမည်ဖြစ်​ကြောင်း သိရသည်။


 နန်းသဲနု​အောင်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Pages