နေပြည်တော် ၊ နိုဝင်ဘာ ၂၈
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း စားအုန်းဆီတင်သွင်းမှုလျော့ချရေး၊ ဒေသတွင်း စားသုံးဆီဖူလုံရေးတို့အတွက် ဆီထွက်သီးနှံများ တိုးမြှင့်ကြိတ်ခွဲရေး နေပြည်တော်ကြီးကြပ်မှုကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီရုံး၊ အစည်းအဝေးခန်းမ(၂)၌ ကျင်းပရာ နေပြည်တော်ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်း၊ နေပြည်တော်ကြီးကြပ်မှုကော်မတီဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ နေပြည်တော်ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်းက အမှာစကားပြောကြားရာတွင် အရည်အသွေးပြည့်မီ၍ ကျန်းမာရေးနှင့်ညီညွတ်သည့် စားသုံးဆီများ ထုတ်လုပ်နိုင်ရေး၊ သိုလှောင်ကန်များတွင် ကြာရှည်သိုလှောင်နိုင်ရေးနှင့် ဆီစက်လုပ်ငန်များ ဖွံ့ဖြိုးတိုးတက်ရေး၊ ကုန်ကြမ်းချိတ်ဆက်ဝယ်ယူနိုင်ရေးတို့အတွက် သက်ဆိုင်ရာဌာနများ ပူးပေါင်း၍ စက်မှုမှတ်ပုံတင်ဆီစက်လုပ်ငန်းရှင်များအား အသိပညာပေးသင်တန်းများ ဖွင့်လှစ်ပို့ချပေးခဲ့ပြီးဖြစ်ကြောင်း၊ အရည်အသွေးပြည့်မီသည့် စားသုံးဆီများကို ဒေသတွင်းသာမက ပြည်ပဈေးကွက်များသို့ ရောင်းချနိုင်ရေး ဝိုင်းဝန်းဆောင်ရွက်ကြရမှာဖြစ်ကြောင်း၊ ပြည်ပမှ စားအုန်းဆီတင်သွင်းမှုကို လျှော့ချတင်သွင်းနိုင်ရေးနှင့် ဒေသတွင်းစားသုံးဆီဖူလုံရေးအတွက် လက်ရှိမြေပြင်တွင် ကြိတ်ခွဲနေသည့် ကုန်ချောဆီပမာဏများကို စာရင်းကောက်ယူကာ အစီအစဉ်များ ရေးဆွဲနိုင်ရေးကို ဆောင်ရွက်ကြရမှာဖြစ်ကြောင်း၊ ကုန်စည်ဒိုင်များဖွင့်လှစ်နိုင်ရေး၊ ဆီထွက်သီးနှံများ အထွက်နှုန်းကောင်းမွန်ရေး၊ ဆီစက်များ စက်စွမ်းအားပြည့် လည်ပတ်နိုင်ရေး၊ ဈေးကွက်ချိတ်ဆက်နိုင်ရေး၊ စားသုံးဆီဈေးနှုန်းတည်ငြိမ်ရေး၊ ပြည်သူများ ကျန်းမာရေးနှင့်ညီညွတ်ပြီး ဘေးအန္တရာယ်ကင်းရှင်းသော မြေပဲဆီ၊ နှမ်းဆီ၊ နေကြာဆီများ ဝယ်ယူစားသုံးနိုင်ရေးတို့အတွက် ကော်မတီဝင်ဌာနများအနေဖြင့် ကဏ္ဍအလိုက် မိမိတို့ အကောင်အထည်ဖော် ဆောင်ရွက်ရန်လိုအပ်ကြောင်း ပြောကြားခဲ့သည်။
ထို့နောက် နေပြည်တော်ကြီးကြပ်မှုကော်မတီ၊ အတွင်းရေးမှူး၊ တွဲဖက်အတွင်းရေးမှူးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက စားသုံးဆီတင်သွင်းမှုမှ စားသုံးရန်လိုအပ်ချက်များအပေါ် ဖြည့်ဆည်းနိုင်မှုအခြေအနေများနှင့် ဒေသအတွင်း စားသုံးဆီဖူလုံမှုအခြေအနေများကို အသီးသီးရှင်းလင်း တင်ပြကြရာ နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်းက တင်ပြချက်များနှင့်စပ်လျဉ်း၍ လိုအပ်သည်များကို သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနိူင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အောင်သူရဦး
https://t.me/MyanmarNationalPost
No comments:
Post a Comment