မှော်ဘီ ၊ နိုဝင်ဘာ ၂၃
ရန်ကုန်တိုင်းဒေသကြီး၊မှော်ဘီခရိုင်၊မှော်ဘီမြို့နယ်၌ အပတ်စဉ်စုပေါင်းသန့်ရှင်းရေးဆောင်ရွက် ခြင်းကိုယနေ့နံနက်(၇)နာရီကမှော်ဘီမြို့နယ်၊ အ.ထ.က(တပ်ကြီးကုန်း)ကျောင်းဝန်းအတွင်း၌ ဆောင်ရွက်ခဲ့သည်။
ဆောင်ရွက်ရာတွင် မှော်ဘီမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးပြည့်ဖြိုးမောင်၊အဖွဲ့ ဝင်(၁)ဗိုလ်မှူးပြည့်စုံကျော်၊အဖွဲ့ဝင်(၂)ဦးဝင်းစိုး၊ မှော်ဘီမြို့နယ်လဝက ဦးစီးမှူး ဦးဝင်းမြတ်ဆွေ၊ မှော်ဘီမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊မြို့နယ်စည်ပင်သာယာရေးအမှု ဆောင်အရာရှိဦးခင်ဦးနှင့်ဝန်ထမ်းများ၊မှော်ဘီမြို့မရဲစခန်းမှဒုရဲအုပ်သန့်ဇင်ဌေးနှင့်ဝန်ထမ်းများ၊မှော်ဘီယာဉ်ထိန်းတပ်ဖွဲ့စုမှူးဒုရဲမှူးဝင်းအောင်နှင့်ဝန်ထမ်း များ၊မှော်ဘီမြို့နယ်မီးသတ်ဦးစီးမှူးနှင့်မီးသတ်တပ်ဖွဲ့ဝင်များ၊တပ်မတော်အရာရှိစစ်သည်များ၊မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊လူမှုရေးအသင်းအဖွဲ့များ အုပ်ချုပ်ရေးမှူးနှင့်ဝန်ထမ်းများကကျောင်းဝန်း အတွင်းရှိအမှိုက်သရိုက်များလှည်းခြင်း၊သစ်ပင်၊ မြက်ပင်နှင့်ခြုံနွယ်များရှင်းလင်းခြင်း၊ရေမြောင်း များအတွင်းပိတ်ဆို့နေသောအမှိုက်များရှင်းလင်း ခြင်း၊ရေစီးရေလာကောင်းမွန်ရေးစသည့်လုပ်ငန်း များဆောင်ရွက်ခဲ့ သည်။
မှော်ဘီမြို့နယ်၌စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများကိုအပတ်စဉ်ဆောင်ရွက်လျက်ရှိပြီးကျန်ရှိနေသောရပ်ကွက်များရှိစာသင်ကျောင်းများ၊ဆေးရုံများနှင့်ဘုန်းကြီးကျောင်းဘုရားစေတီပုထိုးများတွင်လည်းဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။
ဝင်းဇော်
https://t.me/MyanmarNationalPost
No comments:
Post a Comment