ဘရပ်ဆဲလ်၊ နိုဝင်ဘာ ၂၄
ဘယ်လ်ဂျီယံ၊ နယ်သာလန်၊ လူဇင်ဘတ်နှင့် အီးယူဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးစိုးလင်းဟန်သည် ၂၁-၁၁-၂၀၂၄ ရက်တွင် ဘရပ်ဆဲလ်မြို့၌ ကျင်းပခဲ့သည့် ဥရောပပါလီမန်၊ အရှေ့တောင်အာရှနိုင်ငံများနှင့် အာဆီယံ ဆက်ဆံရေးဆိုင်ရာ ကိုယ်စားလှယ်အဖွဲ့ (Delegation for Relations with the Countries of Southeast Asia and Association of Southeast Asian Nations-DASE) ၏ ၂၀၂၄-၂၀၂၉ သက်တမ်းအတွက် ဥက္ကဋ္ဌသစ်ဖြစ်သည့် ဥရောပပါလီမန်အမတ် Mr. Wouter Beke ဦးဆောင်သော DASE အဖွဲ့ဝင်များနှင့် အာဆီယံ-ဘရပ်ဆဲလ်ကော်မတီဝင် အီးယူဆိုင်ရာ အာဆီယံသံအမတ်ကြီးများအကြား မိတ်ဆက် နေ့လယ်စာစားပွဲသို့ ပါဝင် တက်ရောက်ခဲ့သည်။
အဆိုပါနေ့လယ်စာစားပွဲသို့ DASE အဖွဲ့ဝင် ဥရောပပါလီမန်အမတ်များ၏ သက်ဆိုင်ရာ နိုင်ငံရေးပါတီများဖြစ်သည့် Progressive Alliance of Socialists and Democrats (S & D)၊ Renew Europe Group နှင့် European Conservatives and Reformists Group (ECR) တို့မှ Group Advisor များလည်း ပါဝင်တက်ရောက်ခဲ့ကြသည်။
အဆိုပါနေ့လယ်စာစားပွဲတွင် DASE ဥက္ကဋ္ဌဖြစ်သည့် Mr. Wouter Beke က အဖွင့်အမှာစကား ပြောကြားရာ၌ အီးယူနှင့် အာဆီယံသည် အပြည်ပြည်ဆိုင်ရာဥပဒေအောက်မှ တူညီသော မျှော်မှန်းချက်များအား မျှဝေလျက်ရှိသည့် ဒေသတွင်းအဖွဲ့အစည်းနှစ်ခုဖြစ်ကြောင်း၊ အဖွဲ့အစည်း နှစ်ခုအကြား ပူးပေါင်းဆောင်ရွက်ရေးတွင် ထိတွေ့ဆက်သွယ်မှုသည် အဓိက သော့ချက်ဖြစ်ကြောင်း၊ ယခုနေ့လယ်စာစားပွဲသည် ယမန်နှစ်က DASE ဥက္ကဋ္ဌဟောင်း Mr. Daniel Caspary နှင့် အာဆီယံသံအမတ်ကြီးများအကြား အလုပ်သဘောနေ့လယ်စာစားပွဲအပြီး တစ်နှစ် ကျော်အကြာတွင် ပထမဆုံး ပြန်လည်ကျင်းပနိုင်ခြင်းဖြစ်ပါကြောင်း၊ ယခုနှစ်၊ ဖေဖော်ဝါရီလတွင် ကျင်းပခဲ့သည့် အီးယူ-အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးသည် ဒေသနှစ်ခုအကြား ဆက်ဆံရေးကို မြှင့်တင်နိုင်ခဲ့ကြောင်း၊ အာဆီယံအဖွဲ့ဝင် မိတ်ဖက်နိုင်ငံများနှင့် DASE တို့အကြား ယခုထက် ပိုမိုပူးပေါင်းဆောင်ရွက်မှု ပြုနိုင်ရန် မျှော်လင့်ပါကြောင်း စသည်ဖြင့် ပြောကြားခဲ့သည်။
ထို့နောက် နေ့လယ်စာစားပွဲသို့ တက်ရောက်လာသော DASE အဖွဲ့ဝင် ဥရောပပါလီမန် အမတ်များနှင့် အာဆီယံသံအမတ်ကြီးများသည် ဒေသနှစ်ခုအကြား ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှုနှင့် အခြားဘုံစိန်ခေါ်မှုများနှင့် ပတ်သက်ပြီး အမြင်ချင်းဖလှယ် ဆွေးနွေးမှု ပြုခဲ့ကြပြီး နေ့လယ်စာစားပွဲကို အောင်မြင်စွာ ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
Join - https://t.me/MyanmarNationalPost
No comments:
Post a Comment