ကတ္တမန္ဒူး၊ နိုဝင်ဘာ ၂၀
နီပေါနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမျိုးမြင့်မောင်သည် ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၁၉ ရက်တွင် နီပေါကာကွယ်ရေးဦးစီးချုပ် General Ashok Raj Sigdel အား နီပေါတပ်မတော်ရုံးချုပ်၌ ဂါရဝပြု သွားရောက် တွေ့ဆုံခဲ့စဉ် နှစ်နိုင်ငံ ရှိရင်းစွဲ ချစ်ကြည်ရင်းနှီးမှု တိုးမြှင့်ဖော်ဆောင်နိုင်ရေး၊ တပ်မတော် နှစ်ရပ်အကြား ပူးပေါင်းဆောင်ရွက်မှုများ၊ သင်တန်းသားများ စေလွှတ်ဆောင်ရွက်နေမှု အခြေအနေများ နှင့် ပတ်သက်၍ ရင်းနှီးစွာ ဆွေးနွေးခဲ့သည်။
တွေ့ဆုံမှုအပြီးတွင် နီပေါကာကွယ်ရေးဦးစီးချုပ်နှင့် သံအမတ်ကြီးတို့သည် အပြန်အလှန် အမှတ်တရ လက်ဆောင်များ ပေးအပ်ခဲ့သည်။
နီပေါနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးသည် နီပေါ Army Command and Staff College ၏ ဖိတ်ကြားချက်အရ ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလအတွင်း ယင်းကောလိပ်တွင် ဖွင့်လှစ်လျက်ရှိသည့် အမှတ်စဉ်(၃၁) Command and Staff Course ၏ ‘Ambassador Talk Programme’ တွင် မြန်မာနိုင်ငံ၏ နိုင်ငံခြားရေးမူဝါဒနှင့် မြန်မာ-နီပေါ နှစ်နိုင်ငံ ဆက်ဆံရေးတို့နှင့် စပ်လျဉ်း၍ သင်တန်းသားများအား ပို့ချဆွေးနွေးခဲ့သည်။
နီပေါတပ်မတော်ကာကွယ်ရေးဦးစီးချုပ် General Ashok Raj Sigel ၏ ဖိတ်ကြားချက်အရ အောက်တိုဘာလအတွင်း နီပေါတပ်မတော်မှ ကြီးမှူးပြုလုပ်သည့် “PHULPATI PARADE” အခမ်းအနား နှင့် ကုလသမဂ္ဂနေ့ အထိမ်းအမှတ် (၂၀၂၄ ခုနှစ်) အခမ်းအနားတို့သို့လည်း တက်ရောက်ခဲ့ကြောင်း သိရသည်။
Join - https://t.me/MyanmarNationalPost
No comments:
Post a Comment