နေပြည်တော်၊ နိုဝင်ဘာ ၂၁
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီ၊ ဗဟိုအလုပ်အမှုဆောင် ဦးမြင့်ကိုကိုနှင့် အဖွဲ့ဝင် (၂)ဦးတို့ပါဝင်သော ပါတီကိုယ်စားလှယ်အဖွဲ့သည် ကမ္ဘောဒီးယားနိုင်ငံ၊ ဖနောင်ပင်မြို့တွင် ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ (၂၁)ရက်နေ့မှ (၂၄)ရက်နေ့အထိ ကျင်းပမည့် "Internaional Conference of Asian Political Party(ICAPP)" (၁၂)ကြိမ်မြောက် အထွေထွေညီလာခံနှင့် ဆက်စပ်အစည်းအဝေးများတက်ရောက်ရန် ရန်ကုန်မှ ဖနောင်ပင်သို့ ယမန်နေ့ ၁၆ ၄၅ နာရီချိန်တွင် လေယာဉ်အမှတ်၊ 8M 401 ဖြင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ထွက်ခွာသွားခဲ့ကြောင်း သိရသည်။
အာရှနိုင်ငံရေးပါတီများဆိုင်ရာ နိုင်ငံတကာညီလာခံ(ICAPP) (၁၂)ကြိမ်မြောက် အထွေထွေညီလာခံအား "A Quest for Peace and Reconciliation" ခေါင်းစဉ်ဖြင့် ကျင်းပမည်ဖြစ်ပြီး အာရှနိုင်ငံ (၂၈)နိုင်ငံမှ နိုင်ငံရေးပါတီ ၄၉ ပါတီနှင့် လေ့လာသူအဖြစ် အခြား (၁၅)နိုင်ငံမှ နိုင်ငံရေးပါတီ (၁၆) ပါတီ၊ စုစုပေါင်း (၄၃)နိုင်ငံ မှ နိုင်ငံရေးပါတီ (၆၅)ပါတီမှ လူပုဂ္ဂိုလ် (၃၀၀) ခန့်တက်ရောက်မည်ဖြစ်ကြောင်း သိရသည်။
Photo - USDP
Join - https://t.me/MyanmarNationalPost
No comments:
Post a Comment