မင်းဘူးမြို့မဈေးကြီအတွင်း ရောင်းချနေသော စားသောက်ကုန်များအား ဈေးနမူနာ ကောက်ယူခြင်းနှင့် Mobile Lab Van ယာဥ်ဖြင့် ဓာတ်ခွဲစစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက် - MyanmarNationalPost

.com/img/a/

News Agency

Breaking

  
demo-image

မင်းဘူးမြို့မဈေးကြီအတွင်း ရောင်းချနေသော စားသောက်ကုန်များအား ဈေးနမူနာ ကောက်ယူခြင်းနှင့် Mobile Lab Van ယာဥ်ဖြင့် ဓာတ်ခွဲစစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်

Minbu%20(2)



မင်းဘူး  ၊ နိုဝင်ဘာ ၂၁


မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့ရှိ စည်ပင်သာယာမြို့မဈေးကြီးအတွင်း၌ ရောင်းချနေသော စားသောက်ကုန်နှင့်ကုန်စုံဆိုင်များတွင် သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ရောင်းချမှုရှိစေရေး ဈေးနမူနာကောက်ယူခြင်းနှင့် Mobile Lab Van ယာဥ်ဖြင့် ဓာတ်ခွဲစစ်ဆေးခြင်း လုပ်ငန်းများကို ယမန်နေ့ နံနက်ပိုင်းက အဆိုပါဈေးကြီးတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။


ထိုသို့ဆောင်ရွက်ရာတွင် မကွေးတိုင်းဒေသကြီး၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA)၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့မှ တာဝန်ရှိသူများက မင်းဘူးမြို့ စည်ပင်သာယာ မြို့မဈေးကြီးအတွင်း၌ ရောင်းချနေသော စားသောက်ကုန်နှင့် ကုန်စုံဆိုင်များတွင် သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ရောင်းချမှုရှိစေရေး ဈေးနမူနာကောက်ယူခြင်း၊ စားသောက်ကုန်များတွင် ဖော်မလင်နှင့် ဓာတုဆိုးဆေးများ အလွန်အကျွံ သုံးစွဲရောင်းချနေမှု ရှိ/မရှိ၊ စားသောက်ကုန်များအား နမူနာဝယ်ယူ၍ စားသုံးသူများအတွက် စားသုံးရန် သင့်/မသင့် Mobile Lab Van စစ်ဆေးရေးယာဉ်ပေါ်၌ Rapid Test Kit ဖြင့်စစ်ဆေးခြင်း၊ စားသောက်ကုန်များနှင့် ကုန်ပစ္စည်းများတွင် ကုန်အညွှန်းအမှတ်အသားများ ဖော်ပြရောင်းချခြင်း ပြည်စုံမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းများကို ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။


မောင်မောင် (မင်းဘူး)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Pages