မြန်မာ - အိန္ဒိယ နှစ်နိုင်ငံစလုံးသည် အနောက်အုပ်စုလွှမ်းမိုးထားသော ခေတ်သစ်ကမ္ဘာကြီး၏ မီဒီယာသားကောင်ဖြစ်နေရကြောင်း ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းနှင့် အိန္ဒိယနိုင်ငံမှ သတင်းသုံးသပ်သူ Mr. Atul Aneja ဆွေးနွေး - MyanmarNationalPost

.com/img/a/

News Agency

Breaking

demo-image

မြန်မာ - အိန္ဒိယ နှစ်နိုင်ငံစလုံးသည် အနောက်အုပ်စုလွှမ်းမိုးထားသော ခေတ်သစ်ကမ္ဘာကြီး၏ မီဒီယာသားကောင်ဖြစ်နေရကြောင်း ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းနှင့် အိန္ဒိယနိုင်ငံမှ သတင်းသုံးသပ်သူ Mr. Atul Aneja ဆွေးနွေး

008

နေပြည်တော်၊ နိုဝင်ဘာ ၇

ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းသည် အိန္ဒိယနိုင်ငံမှ သတင်းသုံးသပ်သူ Mr. Atul Aneja အား ယမန်နေ့က နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာနဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံစဉ် မြန်မာ - အိန္ဒိယ နှစ်နိုင်ငံချစ်ကြည်ရေးနှင့် ပကတိဖြစ်ရပ်မှန်သတင်းများ ထုတ်ပြန်နိုင်ရေးကိစ္စရပ်များ၊ နှစ်နိုင်ငံစလုံးသည် အနောက်အုပ်စုလွှမ်းမိုးထားသော ခေတ်သစ်ကမ္ဘာကြီး၏ မီဒီယာသားကောင်ဖြစ်နေရသည့် ကိစ္စရပ်များ၊ နှစ်နိုင်ငံအကြား မီဒီယာကဏ္ဍသာမကကဏ္ဍများစွာတွင် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များကို အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြသည်။

တွေ့ဆုံပွဲသို့ ပြန်ကြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးဝင်းကျော်အောင်၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Pages