ရန်ကုန်၊ နိုဝင်ဘာ ၁၄
ရန်ကုန်မြို့ရှိ ရုပ်ရှင်သရုပ်ဆောင် အကယ်မီဆုများရှင် ရန်အောင်၏ နေအိမ်ရှေ့ ယနေ့ (၁၂ ၄၅) အချိန်ခန့်တွင် NLD အစွန်းရောက် အကြမ်းဖက်သမားများ ဖွဲ့စည်းထားသည့် အကြမ်းဖက်အဖွဲ့တစ်ဖွဲ့က ဖောက်ခွဲတိုက်ခိုက်မှု ပြုလုပ်ခဲ့ကြောင်း ထုတ်ပြန်ကြေညာထားသည်ကို တွေ့ရသည်။
NLD အစွန်းရောက် အကြမ်းဖက်လှုပ်ရှားမှုတွင် ပါဝင်လှုပ်ရှားခြင်း မရှိသည့် အနုပညာရှင်များကို အကြမ်းဖက်သမားများက ခြိမ်းခြောက်မှုအမျိုးမျိုး လုပ်ဆောင်ခဲ့သည်။ အကြမ်းဖက်လှုပ်ရှားမှုထဲတွင် ပြည်ပြေး ဝရမ်းပြေး အကြမ်းဖက်လှုံ့ဆော် ဒါရိုက်တာ ပေါက်ကြီး၊ မင်းမော်ကွန်း၊ ချစ်သုဝေ၊ လင်းလင်း တို့ကဲ့သို့သော အနုပညာရှင်များ ရှိနေပြီး ၎င်းတို့နှင့်အတူ အကြမ်းဖက်လှုံ့ဆော်မှုများတွင် ပါဝင်တော့ခြင်း မရှိသည့် အနုပညာရှင်များကို ခြိမ်းခြောက် တိုက်ခိုက်မှုများ လုပ်ဆောင်နေကြခြင်း ဖြစ်သည်။
အကြမ်းဖက်လှုပ်ရှားမှုနှင့် ပတ်သက်၍ လေ့လာသူတစ်ဦးက "အနုပညာလောကထဲက ဒါရိုက်တာ၊ သရုပ်ဆောင်၊ အဆိုတော် ဆိုတဲ့ ဟာတွေက ပိုပြီး အစွန်းရောက်တယ်လို့ ပြောရမယ်။ အကြမ်းဖက်လှုံ့ဆော်မှုထဲမှာ မပါဝင်တော့တဲ့ အနုပညာရှင်တွေက ပေါ့ဆလို့ မရဘူး။ ပြည်ပြေး ဝရမ်းပြေး အနုပညာရှင်တွေရဲ့ မိဘ၊ ဆွေမျိုးတွေကိုလည်း သူတို့နဲ့ မဆိုင်ပါဘူးဆိုပြီး လျှော့တွက်လို့ မရဘူး။ လျှော့တွက်ရင် အသတ်ခံရသည်အထိပါ ဒုက္ခရောက်သွားလိမ့်မယ်။ မပေါ့ဆသင့်ဘူး။ ပြည်ပြေး ဝရမ်းပြေး အနုပညာရှင်တွေနဲ့ ပတ်သက် ဆက်နွယ်သူတွေနဲ့ အရောတဝင် မလုပ်သင့်ဘူး။ ဒါက သူတို့ကို ခွဲခြားဆက်ဆံတာ မဟုတ်ဘူး။ သူတို့က ကိုယ့်ကို အချိန်မရွေး ဒုက္ခပေးနိုင်တယ်။ ပြည်ပြေး ဝရမ်းပြေး အနုပညာရှင်တွေရဲ့ ဆွေမျိုးသားချင်းတွေထဲမှာ သတိပြုသင့်သူတွေကိုလည်း သက်ဆိုင်ရာ လုံခြုံရေးအဖွဲ့တွေကို သတင်းပေးထားသင့်တယ်။" ဟု သုံးသပ် ပြောဆိုသည်။
ရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီဆုများရှင် ရန်အောင်သည် ယနေ့နံနက်ပိုင်းက အကြိမ်၂၀ မြောက် မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး အနုပညာရှင် အတတ်ပညာရှင်များ စုပေါင်းဘုံကထိန်အလှူတော် အခမ်းအနားသို့ တက်ရောက်ခဲ့ပြီး သူ၏ လူမှုကွန်ရက် စာမျက်နှာတွင် နေအိမ်ရှေ့ ပေါက်ကွဲမှုနှင့် ပတ်သက်၍ ရေးသားထားခြင်း မရှိပေ။
Join - https://t.me/MyanmarNationalPost
No comments:
Post a Comment