ညောင်ဦး၊ နိုဝင်ဘာ ၂၅
တပ်မတော်လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များ အခြေပြုကာ လုံခြုံရေးဆောင်ရွက်လျက်ရှိသည့် ညောင်ဦးမြို့နယ်၊ ငါ့သရောက်နယ်မြေရဲစခန်းအား ၂၅-၁၁-၂၀၂၄ ရက်နေ့ ၀၆:၂၀ အချိန်ခန့်တွင် PDF အကြမ်းဖက်သမား အင်အား ၂၀ခန့်က နယ်မြေရဲစခန်း၏ အရှေ့တောင်ဘက်၊ တောပြားကျေးရွာဘက်မှ လက်နက်ငယ်များဖြင့် လာရောက်ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
နယ်မြေရဲစခန်းအတွင်းမှ တပ်မတော် လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များက ပြန်လည်ခုခံ ပစ်ခတ်ခဲ့ကြောင်း၊ ထိုသို့ အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားခဲ့ရာမှ ၀၆:၃၅ အချိန်ခန့်တွင် အကြမ်းဖက် PDF များ အရှေ့မြောက်ဘက်သို့ ဆုတ်ခွာထွက်ပြေးသွားခဲ့ကြောင်း၊ ထိုသို့ ဆုတ်ခွာထွက်ပြေးစဉ် အကြမ်းဖက် PDF များက ငါ့သရောက်မြို့နယ်ခွဲရှိ စည်ပင်ရုံး၊ ပြန်/ဆက်ရုံး၊ လျပ်စစ်ရုံးတို့အား မီးရှို့ဖျက်ဆီးသွားခဲ့ရာ စည်ပင်ရုံးတွင် ၂၀×၃၀ပေ၊ သွပ်မိုး၊ အုတ်ညှပ်အဆောက်အဦး ၁လုံးနှင့် ရုံးသုံးပရိဘောဂပစ္စည်းများ ပျက်စီးဆုံးရှုံး၊ ပြန်/ဆက်ရုံးတွင် ၄၀×၂၄ ပေ၊ သွပ်မိုး၊ အုတ်ကာ၊ အဆောက်အဦး ၁လုံး၊ ၂၀×၂၀ပေ၊ သွပ်မိုး၊ အုတ်ကာ အဆောက်အဦး ၁လုံးနှင့် ရုံးသုံးပရိဘောဂပစ္စည်းများ ပျက်စီးဆုံးရှုံး၊ လျပ်စစ်ရုံးတွင် ၃၀×၂၀ပေ၊ အမြင့် ၁၅ပေရှိ သွပ်မိုး၊ အုတ်ကာ အဆောက်အဦး ၁လုံး၊ ဝန်ထမ်းအိမ်ယာ ၄ခန်းတွဲ လိုင်းခန်းနှင့် လုံးချင်းအိမ်ယာ ၁လုံးမှ မှန်ပြူတင်း ၃၀ချပ် ကွဲအက်ပျက်စီးခြင်း၊ ရုံးသုံးပရိဘောဂပစ္စည်းများ ပျက်စီးဆုံး ရှုံးခဲ့ကြောင်း သိရသည်။
ဆုတ်ခွာထွက်ပြေးသွားသည့် PDF အကြမ်းဖက်သမားများနောက်သို့ တပ်မတော်စစ်ကြောင်းမှ လိုက်လံရှင်းလင်းလျက်ရှိကြောင်း သိရသည်။
Join - https://t.me/MyanmarNationalPost
No comments:
Post a Comment